မည်သည့် နိုင်ငံသားက ကမ္ဘာပေါ်တွင်ပျမ်းမျှအသက်ရှည်ဆုံးဖြစ်မည်နည်းဟု သင်သိချင်မှာ
သေချာပါတယ်...
အခုတော့ အဲဒီမေးခွန်းအတွက်အဖြေကို အမေရိကန်နိုင်ငံ၊ ဗဟိုထောက်လှမ်းရေးအေဂျင်စီ
(စီအိုင်အေ) ကအဖြေပေးလိုက်ပါပြီ...
သူတို့ ရဲ့ တရားဝင်ရည်ညွှန်းကိုးကားစရာ သုတေသနပြုစာရင်းမှာကြေငြာခဲ့ တာဖြစ်ပါတယ်...
နိုင်ငံသူနိုင်ငံသားတွေကမ္ဘာမှာ အသက်အရှည်ဆုံးဘွဲ့ ကို မြေထဲပင်လယ်က ကျွန်းကလေးတစ်
စီအိုင်အေက ထုတ်ပြန်သည့် ကမ္ဘာ့ အချက်အလက်များမှတ်တမ်းအရ မိုနာကိုကျွန်းကလေးတွင်
မွေးဖွားသူများဟာ ပျမ်းမျှသက်တမ်း ၈၉.၆၈ နှစ်ရှိမည်ဟုခန့် မှန်းလိုက်တာမို့ ယနေ့ (ယခုနှစ်)
မေးဖွားသည့် ကလေးငယ်များဟာ ၂၁၀၁ နှစ်အထိနေနိုင်မှာဖြစ်ကြောင်း၊ တစ်ခြားဘယ်နိုင်ငံ
သားမှ မကြွားနိုင်သည့် သက်တမ်းရှိတယ်လို့ သိရပါတယ်...
ဘာကြောင့် ထိုကျွန်းသားများ တစ်ခြားသူများထက် ပိုပြီးအသက်ရှည်နိုင်ရသနည်းဆိုသော်ကား
ထိုကျွန်းကလေးရှိ အနည်းငယ်မျှသော လူဦးရေနှင့် တစ်နိုင်ငံလုံးဆိုင်ရာ တစ်ဦးချင်းဝင်ငွေအရ
မြင့် မားမှုတို့ ကြောင့် ဖြစ်ပါတယ်...
မိုနာကို ဟာ တစ်မျိုးသားလုံးထုတ်ကုန်က ၆ ဘီလီယံဒေါ်လာ ( တစ်ဦးချင်းကုန်ထုတ်တန်ဖိုး
၇၄၄၀၄ ) ရှိလို့ လူဦးရေ ၃၀၅၁၀ သာရှိတဲ့ ကျွန်းသူကျွန်းသားတွေအတွက် ကျန်းမာရေစောင့် 
ရှောက်ဖို့ အတွက် လုံလောက်ပါတယ်....
ဒုတိယသက်တမ်းအရှည်ဆုံးနိုင်ငံသားများကတော့ တရုတ်ပြည်ကျွန်းဆွယ်ကလေး မကာအို မှ
ဖြစ်ပြီး သက်တမ်းကတော့ ၈၄.၄၃ နှစ်ပြီး မိုနာကိုကျွန်းသားများထက် ၅ နှစ်လျော့ တာမို့ 
မကာအိုတွင် ယခုနှစ်မွေးဖွားသည့် ကလေးငယ်များဟာ ပျမ်းမျှအားဖြင့် ၂၀၉၆ ခုနှစ်အထိ အ
သက်ရှည်မှာဖြစ်ပါတယ်...
ဂျပန်နိုင်ငံသားများကတော့  ပျမ်းမျှသက်တမ်း ၈၃.၉၁ နှင့် တတိယလိုက်ပြီး စင်္ကာပူသားများက (၈၃.၇၅)
ဖြင့် စတုတ္တ၊ ဥရောပတောင်ပိုင်း ဆန်မာရီနိုနိုင်ငံသား ဆန်မာရီနီး များကတော့ ၈၃.၀၇ နဲ့ ပဉ္စမ လိုက်ပါ
တယ်....
ယူအေအီးကတော့ အမှတ် စဉ် ၇၁ မှာ ( စုစုပေါင်း ၂၂၁ နိုင်ငံထဲမှ ) ပျမ်းမျှသက်တမ်း ၇၆.၇၁ နှစ်ရှိပါ
တယ်....
အာရပ်ပင်လယ်ကွေ့ နိုင်ငံများကတော့ မည်သည့် နိုင်ငံမျှ ထိပ်ဆုံးအဆင့် ၅၀ အတွင်းမ၀င်နိုင်ကြပါဘူး...
ပင်လယ်ကွေ့ နိုင်ငံများထဲမှ ထိပ်ဆုံးတွင်ရှိသည့် ဘာရိန်းနိုင်ငံက ( ပျမ်းမျှသက်တမ်း ၇၈.၂၉ ဖြင့် ) ပထမ
ဦးဆုံးအကြိမ်အဖြစ် အမှတ်စဉ် ၅၂ တွင်ရှိပြီး ကာတာနိုင်ငံက အမှတ်စဉ် ၅၄ ( ပျမ်းမျှသက်တမ်း ၇၈.၀၉ )
ဖြစ်ပြီး ကူဝိတ်နိုင်ငံက မှတ်စဉ် ၆၆ ( ၇၇.၂၈ ပျမ်းမျှသက်တမ်း ) ဖြစ်ပါတယ်...
အိုမန်က ပျမ်းမျှသက်တမ်း ၇၄.၄၇ ဖြင့် အမှတ်စဉ် ၁၀၃ ၊ ဆော်ဒီကတော့  ပျမ်းမျှသက်တမ်း ၇၄.၃၅ နှစ်
ဖြင့် အမှတ်စဉ် ၁၀၇ မှာ ရှိနေပါတယ်...
ဗြိတိန်နိုင်ငံက ပျမ်းမျှသက်တမ်း ၈၀.၁၇ ဖြင့် အမှတ်စဉ် ၃၀၊ အမေရိကန်နိုင်ငံက ၇၈.၄၉ နှစ်ဖြင့်  အမှတ်
စဉ် ၅၀၊ သီရိလင်္ကာနိုင်ငံက ၇၅.၉၄ နှစ်ဖြင့် အမှတ်စဉ် ၈၂၊ ဖိလစ်ပိုင်နိုင်ငံက ၇၁.၉၄ နှစ်ဖြင့် အမှတ်စဉ်
၁၃၂၊ အင်ဒိုနီးရှားနိုင်ငံက ၇၁.၆၂ နှစ်ဖြင့်  ၁၆၀၊ ပါကစ္စတန်နိုင်ငံက ၆၆.၃၅ နှစ်ဖြင့် အမှတ်စဉ် ၁၆၅၊
တောင်အာဖရိကသားများက ၄၉.၄၁ နှစ်ဖြင့် အမှတ်စဉ် ၂၁၉ မှာရှိနေပါတယ်...
ဟုတ်ကဲ့ ...
ရွှေပြည်ကြီးကတော့ ပျမ်းမျှသက်တမ်း ၆၅.၂၄ နှစ်ဖြင့် အမှတ်စဉ် ၁၆၇ မှာချိတ်ပါတယ်...နိုင်ငံပေါင်း ၂၂၁
ဆိုတော့ ...
ကိုယ့် အောက်ကတိုင်းပြည်တွေကြည့် ပြီးစိတ်ဖြေရမလား ( ကမ္မောဒီးယားနဲ့ လော အပါအ၀င် ) ၊ တစ်
ခြားအာဆီယံနိုင်ငံတွေဖြစ်တဲ့  ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် တို့ လောက်တောင် သက်တမ်းမရှည်နိုင်ရ
ပါ့ မလားလို့ ရင်နာရမလားပါပဲ...
ပူပူနွေးနွေး အချစ်ဆုံး ဘကုန်းကုလား ဘင်္ဂလားဒေ့ ရှ်ကတောင် ပျမ်းမျှသက်တမ်း ၇၀.၀၆ နဲ့ ၁၄၇
အဆင့် ရှိတာမို့ ဝမ်းနည်းရမလား ၀မ်းသာရမလား....
ကိုပီတာ


ကိုထွေး(နည်းပညာ)
Posted in: 
0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။