၁၉၈၈ ခုနှစ်က ၀ါရှင်တန်တွင် အပူလှိုင်းကျရောက်စဉ် ဆီးနိတ်လွှတ်တော်ရှေ့မှောက်တွင်
အစီရင်ခံပြောကြားရာ၌ နာဆာသိပ္ပံပညာရှင် ဂျိမ်းဟန်ဆင်က ကမ္ဘာကြီးပူနွေးလာနေပြီဖြစ်ကြောင်း ပထမ
ဦးစွာ ထုတ်ဖော်ပြောကြားခဲ့သည်။ ယခုတခါ တနင်္လာနေ့က ကွန်ဂရက်လွှတ်တော်ရှေ့တွင်ကမ္ဘာကြီးပူနွေး
လာမှုကိစ္စတင်ပြပြောဆိုရာ၌ ကမ္ဘာကြီးသည် လေထု အတွင်း၌ ဖန်လုံ အိမ်ဓါတ်ငွေ့သည် စိုးရိမ်မှတ်သို့
ကျော်လွန်နေပြီဖြစ်သည်။ ၎င်းဓါတ်ငွေ့သည် လေထု အတွင်း၌ အပုံ ၁ သန်းတွင် ၃၈၆.၇ ပုံ ရှိနေပြီဖြစ်
ကြောင်း ၁၉၈၈ ခုနှစ်ကထက် ၁၀ % နှုန်း မြင့်မားနေကြောင်း ရုပ်ကြွင်း လောင်စာဖြစ်သော ကျောက်မီး
သွေးကို လောင်ကျွမ်းစေခြင်းသည် ဖန်လုံအိမ်ဓါတ်ငွေ့ အဓိက ထွက်ပေါ်ရာ ဖြစ်ကြောင်း ၁၉၈၈ ခုနှစ်က
ဓါတ်ငွေ့အခြေအနေကို ပြန်ရောက်ရန် ညီညီညွတ်ညွတ် ထိထိရောက်ရောက်မကြိုးစားပါကနောင်နှစ် ၂၀
အတွင်းတွင် ကမ္ဘာ့လေထု အပူချိန်မြင့်မားမှုကြောင့် သက်ရှိ အများအပြား သေကြေ ပျက်စီးကြမည်ဖြစ်
သည့်အပြင် ပင်လယ်ရေမျက်နှာပြင်လည်း သိသာစွာ မြင့်တက်၍ ဂေဟ စနစ်ကြီး တစ်ခုလုံး ပျက်စီးသွား
သည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း ၎င်းကပြောကြားသည်။


ကိုထွေး(နည်းပညာ)
Posted in: 
0 ဦးမှတ်ချက်ပြုပါသည်။:
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။