နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Saturday, March 24, 2012

HP Photosmart Printer တွေကို Master reset လုပ်နည်း

                                                
zayarkyaw: hp colour printer cartidge resetter လုပ်လို့ရမယ် နည်းလေးများလိုချင်ပါတယ်။ ၀ယ်သုံးရတာ မကိုက်လို့ပါ။ကူညီပေးပါအုန်းနော်အကို။

 ဟုတ်ကဲ့အစ်ကို ...အစ်ကို့ hp color printer က model ဘယ်လောက်လည်းမသိလို့ hp color printer တွေအတွက် reset လုပ်နည်းလေးတင်ပေးလိုက်ပါတယ်။ စမ်းလုပ်ကြည့်ပေါ့နော်။"Ink system has failed. Unable to print. Refer to printer documentation. Error: 0xc19a0024 Turn power off, then on again." အဲ့လို error မျိုးပြရင်လဲလုပ်ကြည့်လို့ရပါတယ်။ အောက်မှာနည်းလေးကိုတင်ပေးလိုက်ပါတယ်အစ်ကို။
လုပ်နည်းကတော့ နှစ်နည်းရှိပါတယ်။ တစ်နည်းနဲ့မရ ရင်နောက်တစ်နည်းနဲ့စမ်းကြည့်လို့ရပါတယ်။
 
reset လုပ်နည်း(ပထမနည်း)
  • ပထမဦးဆုံး Printer ကို ပိတ်လိုက်ပါ။ ပြီးတာနဲ့ power ကြိုးကို ဆွဲဖြုတ်လိုက်ပါ.
  • Printer ရဲ့ ညာဖက်အခြမ်းကို ဖွင့်လိုက်ပါ. ပြီးတာနဲ့ အတွင်းပိုင်းမှာ သေသေချာချာကြည့်ပါ main circuit board အပြားနဲ့ ဆက်ထားတဲ့ ကြိုးအပြားလေး နှစ်ခု "flat ribbon cables" အဖြူရောင် (သို့) အမဲရောင် တစ်မျိုးမျိုးကို တွေ့ရပါလိမ့်မယ်. ကျွန်တော် စမ်းတုန်းကတော့ ကြိုးကအဖြူရောင်ပါ. ဒါကတော့ သူထည့်ချင်တဲ့ကြိုးအရောင် ထည့်မှာဖြစ်တဲ့အတွက် အမဲရောင်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်. အဲ့ဒီ့ "flat ribbon cables" လို့ခေါ်တဲ့ ကြိုးအပြားနှစ်ခုစလုံးကို ဖြည်းဖြည်းချင်း ဆွဲဖြုတ်လိုက်ပါ. ပြုတ်ရင်ပြီးရောဆိုပြီးတော့ အတင်းဆွဲမဖြုတ်ပါနဲ့။
  • ကြိုးတွေကို ဖြုတ်ပြီးပြီဆိုရင်တော့ printer ကို power ကြိုးထိုးလိုက်ပြီးတော့ Power button ကို နှိပ်ပေးပြီး printer ကို ဖွင့်လိုက်ပါ. ပြီးတော့ error message တစ်ခုပေါ်လာတဲ့အထိ စောင့်လိုက်ပါ. error message ပေါ်လာပြီဆိုတာနဲ့ Ok ကို နှိပ်ပေးပါ.
  • Power ကြိုးကို Power button ကို မနှိပ်ပဲနဲ့ Printer power ကြိုးထိုးထားတဲ့ plug ကို ဆွဲဖြုတ်လိုက်ပါ.
  • ပထမတုန်းက ဖြုတ်ထားခဲ့တဲ့ "flat ribbon cables" ကြိုးနှစ်ပြားကို main circuit board မှာ ပြန်တပ်လိုက်ပါ. တပ်တဲ့နေရာမှာ စောင်းပြီးမထည့်ပါနဲ့ ကြိုးကို တည့်တည့်ထားပြီးတော့ သေသေချာချာ မိမိရရလေး တပ်ပေးပါ.
  • ပြီးတာနဲ့ printer ကို plug ထိုးပြီးတော့ power button ကို နှိပ်ပြီး ဖွင့်ကြည့်လိုက်ပါ. error message ပျောက်သွားတာကို တွေ့ရမှာပါ. မှင်ပြဿနာဖြစ်ရင်လဲ ဖြစ်တဲ့ မှင်ပြဿနာ error ပျောက်သွားပါလိမ့်မယ်။
 reset လုပ်နည်း (ဒုတိယနည်း)
  • ပထမဦးဆုံး Printer ကို ပိတ်လိုက်ပါ။ ပြီးတာနဲ့ power ကြိုးကို ဆွဲဖြုတ်လိုက်ပါ.
  • Printer ရဲ့ ညာဖက်အခြမ်းကို ဖွင့်လိုက်ပါ. ပြီးတာနဲ့ အတွင်းပိုင်းမှာ သေသေချာချာကြည့်ပါ main circuit board အပြားနဲ့ ဆက်ထားတဲ့ ကြိုးအပြားလေး နှစ်ခု "flat ribbon cables" အဖြူရောင် (သို့) အမဲရောင် တစ်မျိုးမျိုးကို တွေ့ရပါလိမ့်မယ်. ကျွန်တော် စမ်းတုန်းကတော့ ကြိုးကအဖြူရောင်ပါ. ဒါကတော့ သူထည့်ချင်တဲ့ကြိုးအရောင် ထည့်မှာဖြစ်တဲ့အတွက် အမဲရောင်လဲ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်. အဲ့ဒီ့ "flat ribbon cables" လို့ခေါ်တဲ့ ကြိုးအပြားနှစ်ခုစလုံးကို ဖြည်းဖြည်းချင်း ဆွဲဖြုတ်လိုက်ပါ။
  • ကြိုးတွေကို ဖြုတ်ပြီးပြီဆိုရင်တော့ printer ကို power ကြိုးထိုးလိုက်ပြီးတော့ Power button ကို နှိပ်ပေးပြီး printer ကို ဖွင့်လိုက်ပါ. ပြီးတာနဲ့ printer အလုပ်လုပ်နေတဲ့ အသံတွေ ကြားရပါလိမ့်မယ်. ဘာသံမှ မကြားရတဲ့အထိ စောင့်ပေးပါ။
  • အားလုံး ဘာသံမှမကြားရတော့ဘူး ဆိုတာနဲ့ cancel button နဲ့ power button ကို ပြိုင်တူ နှိပ်ပေးလိုက်ပါ. တစ်ချိန်တည်းမှာ ပြိုင်တူ နှိပ်ရမှာဖြစ်ပါတယ်။
  • အဲ့ဒီ့ button နှစ်ခုကို နှိပ်လိုက်တာနဲ့ "Enter Special Key Combo" ဆိုတဲ့ message box ပေါ်လာပါ လိမ့်မယ်. Left key ကိုနှိပ်ပါ ပြီးရင် Ok key ကို နှိပ်ပါ ပြီးရင် Right key ကိုနှိပ်ပါ. အစဉ်အတိုင်းနှိပ် ရမှာ ဖြစ်ပါတယ်. Left-Ok-Right အဲ့လို သွားပါမယ်။
  • ပြီးတာနဲ့ setting ထဲမှာ "System Menu" ကို တွေ့အောင်ရှာပါ တွေ့ရင် Ok ကိုနှိပ် ပေးလိုက်ပါ။
  • နောက်တစ်ခါ "Clean Derivative" ဆိုတာကို ထပ်ရှာပြီးတော့ Ok ကို ထပ်နှိပ်ပေးပါ. clean လုပ်နေတဲ့ အချိန်ခဏလေး စောင့်ပေးရပါမယ်. တစ်ခါတစ်လေ တစ်မိနစ်လောက်ကြာသလို တစ်ခါတစ်လေ နှစ်မိနစ်လောက် ကြာတတ်ပါတယ်။
  • နောက်တစ်ခါ "Clean Firms" ဆိုတာကို ထပ်ရှာပါ. တွေ့ပြီဆိုတာနဲ့ Ok ကို နှိပ်ပေးလိုက်ပါ. သူလည်းပဲ Clean လုပ်နေစဉ်အချိန် ခဏလောက် စောင့်ပေးလိုက်ပါ။
  • အားလုံးပြီးသွားပြီဆိုရင် "Cancel" button ကို 4 ကြိမ်ဆက်တိုက် နှိပ်ပေးရပါမယ်။
  • ကဲပြီးသွားပြီဆိုရင် printer ရဲ့ power ကြိုးကို ဆွဲဖြုတ်လိုက်ပါ (power botton ကနေ မပိတ်မိပါစေနဲ့)
  • ပြီးသွားပြီဆိုရင်တော့ ပထမက ဖြုတ်ထားတဲ့ "flat ribbon cables" နှစ်ကြိုးကို main circuit board မှာ သေသေ ချာချာ ပြန် တပ်လိုက်ပါ။
  • အားလုံးပြီးသွားရင် power ကြိုးပြန်ထိုးပြီးတော့ power button ကိုနှိပ်ပြီး printer ကို ဖွင့်ကြည့် လိုက်ပါ။
  • အဲ့အချိန်မှာ တစ်ခါတစ်လေ printer screen မှာ ထုတ်မည့်စာရွက်နဲ့ ပတ်သက်ပြီး setting ပိုင်း မှာလိုသလို ရွေးပေးဖို့ မေးတတ်ပါ တယ်. မေးထားတာကို ကိုလိုချင်တဲ့ setting အတိုင်း ရွေးပေးလိုက်ပါ. တစ်ခါတစ်လေ မမေးတတ်ပါဘူး။
  • အားလုံးပြီးသွားရင်တော့ printer က head က စပြီး အလုပ်လုပ်နေပါလိမ့်မယ်. အဲ့အချိန်မှာ printer ကို မပိတ်မိပါစေနဲ့. ခဏစောင့်ပေးလိုက်ပါ. head အလုပ်လုပ်တာ ငြိမ်သွားပြီဆိုတာနဲ့ ခုနက ဖြစ်နေတဲ့ မှင်ပြဿနာနဲ့ error ဖြစ်သေးလား ပြန်စစ်ကြည့်လိုက်ပါ။
       အားလုံး အဆင်ပြေပါစေခင်ဗျာ။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More