နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, July 30, 2013

Window ရဲ့ admin password ကိုဘယ်လို ပြန်ဖျက်မလဲ



နည်းတွေကတော့အများကြီးရှိပါတယ်။ အလွယ်ဆုံးနည်းလေးတစ်ခုကိုအရင်စပြောပြပါ့မယ်။ ဒီနည်းကတော့အကူ Software တစ်ခုလိုပါတယ်။ အဲဒီဆော့ဝဲလ်လေးကိုအောက်မှာဒေါင်းလိုက်ပါ။ ပြီးရင်အခွေဘမ်းလိုက်ပါ။ အောက်ကအဆင့်အတိုင်းဆက်လုပ်သွားပါ။

1. ဒီနေရာကနေ  Trinity Rescue Kit ကို Download လုပ်ယူလိုက်ပါ။
2. Download ပြီးလို့ iso ဖိုင်ရလာပြီဆိုရင် အဲ့ဒါကို bootable disk ဖြစ်အောင် iso burner ဒါမှမဟုတ် Nero တစ်ခုခုနှင့် အခွေ burn လိုက်ပါ . (Nero express ရှိတယ်ဆိုရင် iso ဖိုင်ကို Double click နှိပ်တာနဲ့ Burn ဖို့အတွက် အဆင့်ကို တန်းရောက်သွားမှာပါ)
3. ရတာတဲ့ အခွေကို CD room ထဲထည့်လိုက်ပါ ... မထည့်ချင် BIOS ထဲဝင်ပြီးတော့ 1st boot device ကို CD Room တော့ထားပေးဖို့လိုပါတယ်။
4. ပြီးတာနဲ့ စက်ကိုဖွင့်လိုက်ပါ . ရွေးခိုင်းတဲ့အဆင့် ရောက်လာပြီ ဆိုရင်အပေါ်ဆုံးက Option ကိုရွေးပေးလိုက်ပြီး enter ခေါက်လိုက်ပါ။
5. 15 မိနစ်လောက်စောင့်လိုက်ပါ . ပြီးတာနဲ့ ဆက်ပေါ်လာတဲ့အဆင့်ကျရင် winpass လို့ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။
6. အဲ့ဒါပြီးရင် မိမိရဲ့ HDD ကိုရွေးဖို့အတွက် 1 လို့ ရိုက်ပြီး enter ခေါက်လိုက်ပါ။
7. ပြီးရင် admin password ကို ဖျက်ဖို့အတွက် 1 ကို တစ်ခါထပ်ရိုက်ပြီးတော့ enter ခေါက်ပါ
8. ပြီးရင် Y လို့ ရိုက်ပြီးတော့ enter ခေါက်ပါ .
9. နောက်ဆုံးအနေနဲ့ အားလုံးပြီးသွားပြီဖြစ်တဲ့အတွက် reboot လို့ရိုက်ပြီးတော့ . enter ခေါက်လိုက်ပါ။ ရိုက်ပြီးတာနဲ့ CD အခွေအပြင်ကို ထွက်လာပါလိမ့်မယ်။ ပြီးတာနဲ့ စက်က restart ဖြစ်သွားပြီးတော့ window loading ပေါ်လာပြီးတော့ ယခင်က ပေးထားတဲ့ admin password က ပျက်သွားတာကို တွေ့ရမှာဖြစ်ပါတယ်


0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More