နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Wednesday, July 31, 2013

samsung android ဖုန်းတွေမှာအီးမေး patten /lock ကျတာကိုပြင်မယ်



 samsunggalaxy ဖုန်းကို emailpatten/password ကျရင်ဘယ်လိုလုပ်ရမယ်ဆိုတာလေး ကိုပြောပြမှာဖြစ်ပါ့မယ်။ မသိသေးတဲ့ သူငယ်ချင်းတွေအတွက်ပါ။ ပထမဆုံးအနေနဲ့  ဖုန်းကိုပါဝါပိတ်လိုက်ပါခင်ဗျာ။ ဖုန်းရဲ့ ဘက်ထရီကိုဖြုတ်လိုက်ပါ။ ဘက်ထရီကိုပြန်ထည့် ပြီး ဖုန်းကို ပါဝါခလုတ်ရယ် +အသံတိုးတဲ့ ခလုပ်-ရယ် +Home ခလုပ်ရယ်သုံးခုကိုပြိုင်တူတွဲနိပ်ပြီးဖွင့် လိုက်ပါ။  samsung galaxy  logo ပေါ်လိုက်ရင်လွတ်လိုက်ပါ ။
3 ခုမြောက်စာကြောင်းဖြစ်တဲ့ wipe data factory reset ကိုအသံတိုးတဲ့ ခလုပ်နဲ့ အောက်ရောက်အောင်ဆွဲချပါ။ပြီးရင် home button ကိုနိုပ်လိုက်ပါ။

ဒီအဆင့် မှာတော့  yes delete all user ဆိုတဲ့ စာကြောင်းရောက်အောင် အသံတိုးတဲ့ ခလုပ်နဲ့ ဆွဲချလိုက်ပါ။ပြီးရင် home button ကိုနိပ်လိုက်ပါ။
ဒီအဆင့် မှာတော့ အပေါ်ဆုံးကစာကြောင်းဖြစ်တဲ့  reboot system now ဆိုတဲ့ စာ ကို home button နဲ့ ရွေးလိုက်ပါပြီးရင်ခဏစောင့် လိုက်ပါ။
ပြီးရင်စက်ရုပ်ပုံလေးဒီလိုပေါ်လာပါလိမ့် မယ် အဲဒီစက်ရုပ်ကလေးကိုလက်နဲ့ ထောက်လိုက်ပါ။
ပြီးရင်အောက်ကပုံမှာစာတွေအများကြီးအောက်မှာ လေးထောင့် အကွက်လေးပေါ်လာပါလိမ့် မယ် အဲဒီအလယ်ကလေးထောင့် အကွက်လေးကိုနိပ်လိုက်ပါ။
အမှန်လေးခြစ်လေးတပ်ပေးပြီး တစ်ခုတည်းသောလေးထောက်အကွက်လေးကိုဆက်တိုက်နိပ်သွားပါ။

အားလုံးအဆင်ပြေသွားပါပြီ။ စမ်းသပ်ရင်းနည်းပညာများတိုးတက်နိုင်ကြပါစေ...........။

1 ဦးမှတ်ချက်ပြုပါသည်။:

Unknown said...

ကျေးဇူး အရမ်းတင်ပါတယ်အကို.......

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More