ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ပါ...Gtalk ကို နှစ်ခု၊သုံးခု၊လေးခု ....စသည့်ဖြင့်ပွားလို့ရတဲ့နည်းလေးကို ပြောပြချင်ပါတယ်။ နည်းလေးကိုတော့ပြောပြပေးပါ့မယ်။ ဒါပေမယ့်..Gtalk ကိုအများကြီးဖွင့်ချက်တဲ့အခါ..မနိုင်ရင်တော့
ကိုထွေး တာဝန်မယူဘူးနော်။ ကိုယ့်ဇာတ်လမ်းကိုတော့ နိုင်အောင်ကပေါ့နော်။ကဲ..ကိုချင်းရေ..အောက်မှာ
ပြုလုပ်ရမယ့်နည်းလေးတွေရှိပါတယ်။ သေချာကြည့်ပြီးလိုက်လုပ်ကြည့်လိုက်ပါ။ လွယ်ပါတယ်..မခက်ပါဘူး။
၁။ desktop ပေါ်ရှိ Gtalk icon လေးကို Right Click လုပ်ပြီး Properties ထဲဝင်လိုက်ပါ။
၂။ အောက်ပါပုံတွင် အပြာရောင် ဖြင့် select လုပ်ပြထားသော startmenu ကိုဖျက်လိုက်ပါ ။
၃။ အောက်ပါပုံတွင် ပြထားသည့်အတိုင်း ခုနကဖျက်လိုက်သော startmenu နေရာကို nomutex ဟု ပြင်ရေးပေးလိုက်ပါ။
၎။ ပြီးလျှင် Apply - ပြီးရင် Ok ပေးလိုက်ပါ။ အဆင်ပြေမယ်လို့ထင်ပါတယ်နော် ကိုချင်း။
desktop ပေါ်က Gtalk icon ကို ကလစ်ပြီး
ကိုချင်း ဖွင့်ချင်သလောက်အများကြီးဖွင့်လို့ရပါပြီ။
အောက်မှာကြည့်လိုက်ပါ။ ကြိုက်သလောက်ဖွင့်..ကြိုက်သလောက်ချက်နိုင်ပါပြီ။
အဆင်ပြေရင်..အော်ခဲ့ပါဦးနော်။


ကိုထွေး(နည်းပညာ)





Posted in:
မြန်မာငွေဈေးတွက်ချက်

3 ဦးမှတ်ချက်ပြုပါသည်။:
အဆင်ပြေလိုက်တာဗျာ။ ဟိုအရင်က သူငယ်ချင်းစက်မှာတော့အများကြီးဖွင့်ဖူးတယ်။
အခုမှ ကိုယ့်စက်ကို ကိုယ်တိုင်လုပ်ပြီးGtalk ကိုအများကြီးဖွင့်တက်သွားပြီ။
ကျေးဇူးအများကြီးတင်ပါတယ် ကိုထွေး။
မြန်မာလူမျိုးများအတွက် နည်းပညာများကို ဒီထက်မကဝေမျှနိုင်ပါစေခင်ဗျာ။
ဖုန်းအတွက်ရောမရှိဘူးလားခင်ဗျာ ရှိရင်တင်ပေးပါအုန်း
လေးစားစွာဖြင့်
g talk password မေ့သွားလို့ ဘယ်လိုပြန်ယူလို့ ရပါသလဲ။ဖြစ်နိုင်ရင် ပြောပြစေချင်ပါတယ်
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။