နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Friday, May 17, 2013

Browser Error

 

အခုပြောပြမှာကတော့ Browser Error တွေနဲ့ပက်သတ်လို့ပါ။ Browser ဆိုတာကတော့ Websiteတွေကိုအသုံးပြုတဲ့အခါမှာ အသုံးပြုတဲ့ Web Browserကိုပြောတာ ပါ။ဥပမာ … Internet Explorer , Mozilla Firefox , Flock တို့စသဖြင့်ပေါ့။ ၎င်း Browser တွေအသုံးပြုတဲ့အခါမှာ ဖြစ်တက်တဲ့ Error လေးတွေ အကြောင်း ကိုပြောပြချင်ပါတယ်။ Browser Error တွေကတော့ Browser တိုင်းမှာဖြစ်တက်ပါတယ်။ Browser Error Message ကို တကယ်တော့ HTTP Status Codes လို့ခေါ်ပြီး Web Page တွေကို Loadingလုပ်တဲ့အခါမှာ တွေ့ရတဲ့ Error အမျိုးအစားတွေပါ။ အတွေ့များတဲ့ Browser Error တွေနဲ့ ဘယ်လိုဖြေရှင်း ရမလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။


400: Bad Request Error

400 Bad Request browser error ကတော့ Website Server ဆီကို web page တွေ Load လုပ်ဖို့ Request တွေပေးပို့တဲ့အခါမှာ ၎င်း Server ကနေ request ကိုprocess မလုပ်တဲ့အခါ ၊ Request ကိုနားမလည်တဲ့အခါတွေမှာ တွေ့ရလေ့ရှိတဲ့ Error ပါ။ ဒီ Error ဖြစ်ပြီဆိုရင်တော့” 400: Bad Request ” (or)” HTTP Error  400 – Bad Request “ဆိုပြီးခေါ်လေ့ရှိပါတယ်။ 400 Bad request Error က URL ကို မှားရိုက်လို့သော်လည်းကောင်း ၊ URL ကို Point လုပ်ထားတဲ့ Link က မှားနေ၍သော်လည်းကောင်းဖြစ်တက်ပါတယ်။ ဆိုလိုတာက Web Site မှားရိုက်လို့ (or) Web Site Link ကို Point လုပ်ထားတာ မှားနေလို့ ဖြစ်တက်ပါတယ်။ ဒါကြောင့် မိမိကြည့်လိုတဲ့ Web Site ကိုသေချာမှန်ကန်စွာ ရိုက်ထည့်ပါ။


 401: Unauthorized Error


401 Unauthorized Error ကတော့ Website တွေကို ၀င်ရောက်သုံးစွဲတဲ့အခါတွေမှာ ပထမဦးဆုံး Log on ၀င်တဲ့အခါတွေမှာ ဖြစ်တက်တဲ့ Error မျိုးပါ။ အကယ်လို့ Log on ၀င်ဝင်ချင်း 401 Error ကိုရရှိတာဆိုရင်တော့ မိမိဝင်လိုက်တဲ့ Credential  (မည်သူမည်ဝါဖြစ်ကြောင်း) ကအကြောင်းတစ်ခုခုကြောင့် လွဲမှားနေလို့ပါ။ဒါကြောင့် User name နဲ့Password ကို သေချာစွာရိုက်ထည့်ပါ။ URL က Valid ဖြစ်တာသေချာတယ်ဆိုရင်တော့ Website ရဲ့ Main page ကိုသွားပြီး Login (or) Secure Accessအကြောင်းကိုပေးထားတဲ့ Link ကိုရှာဖွေပါက ၎င်းနောက် မိမိရဲ့ Credential နဲ့ တဖန်ပြန် try ကြည့်ပါ။


 403: Forbidden Error

403: Forbidden Browser Error ကတော့ URL က Web page အစား directory ကို Point လုပ်ထားတဲ့အခါမှာ ဖြစ်တက်ပါတယ်။ အကယ်၍ မိမိရောက်ရှိဖို့ ကြိုးစားနေတဲ့page က မှန်ကန်တယ်ဆိုရင်တော့ ဒီ Error က အခြား mistake ဖြစ်ပါလိမ့်မယ်။


 404: Not Found Error

ဒီ Error က တော်တော်များများမှာတွေ့ရလေ့ရှိတဲ့ Error မျိုးပါ။ 404 Error တွေ့ပြီဆိုရင်တော့ အောက်ပါအတိုင်း Error တွေပေါ်တက်ပါတယ်။


    “404 Error”
    “Page Cannot be displayed”
    “Internet Explorer cannot display the webpage”
    “404:Not Found”
    “The page cannot be found”
    “Error 404:NOT FOUND”
    “HTTP 404-File not found”
    “Not Found”

404 Error ကတော့ မိမိဝင်ရောက်အသုံးပြုဖို့ ကြိုးစားတဲ့ Web page က Website ရဲ့ Server မှာမတွေ့လို့ပါ။ 404 Error တွေ့လို့ရှိရင်တော့ Refresh / Reload buttonကိုနှိပ်ပြီး web page ကို Retry လုပ်ပါ။ ၎င်းနောက် address bar မှာ URL ကို ထပ်ရိုက်ပြီး ပြန်ဝင်ကြည့်ပါ။ ဥပမာ “ http://www.w.com/a/b/c.htm ဆိုပြီးဝင်လိုက်လို့ 404 Errornot found လို့ပြနေတယ်ဆိုရင် http://www.w.com/a/b လို့ရိုက်ထည့်ပါ။  အဲဒါမှမရသေးရင် တစ်ဆင့်ပြန်လျော့ပြီး http://www.w.com/a လို့ရိုက်ထည့်ပြီးပြန်ဝင်ကြည့်ပါ။


 408: Request Timeout Error

408 Error ကတော့ web page တွေကို Loading လုပ်တဲ့အခါမှာ website ရဲ့ Server က ပြင်ဖို့စောင့်ရတဲ့အချိန်ထက် အချိန်ကြာမြင့်စွာပိုယူလို့ဖြစ်ပေါ်တက်တဲ့ Error ပါ။ဆိုလိုတာက မိမိ Website ရဲ့ Connection က timeout ဖြစ်သွားတာပါ။ Error ဖြေရှင်းဖို့ဆိုရင်တော့ Refresh ပြီးပြန် try ပါ။ Address bar မှာ address ကို ပြန်ရိုက်ပြီးပြန်စစ်ကြည့်ပါ။ Slow connection ခဏခဏဖြစ်ရင်လည်းပဲ တစ်ရံတစ်ခါမှာ ဒီလို Error မျိုးဖြစ်တက်ပါတယ်။ ဒါကြောင့် connection ကိုလည်းစစ်ဆေးသင့်ပါတယ်။


 500: Internal Server Error

500 Bad Server Error ကတော့ ယေဘုယျအားဖြင့် အတွေ့ရများပါတယ်။ ဒီ Error မျိုးကတော့ Website ရဲ့ Server က ချွတ်ယွင်းသွား တဲ့အခါတွေ မှာ တွေရှိရပါတယ်။Server ဘက်က Error ပါ။ မိမိရဲ့ PC (or) Internet Connection နဲ့မဆိုင်ပါဘူး။ ဒါကြောင့် မကြာခဏ Refresh လုပ်ကြည့်ပြီးသုံးပါ။


 502: Bad Gateway Error

502 Bad Gateway Error ကတော့ Server တစ်ခုကနေ web page တွေကို accessing လုပ်ဖို့ကြိုးစားတဲ့အခါ အခြား Server ကနေ invalid response ကိုလက်ခံရရှိချိန်(or) Browser ကအခြား request တွေကို ဖြည့်တဲ့အခါတွေမှာ ဖြစ်ပေါ်လေ့ရှိတာပါ။ 502 Error က Internet ပေါ်မှာရှိတဲ့ Server တွေကြားက network ဖြစ်တာကြောင့် မိမိ PCတွေ ၊ Internet connection တွေနဲ့မဆိုင်ပါဘူး။ ဒါက Server ဘက်ကဖြေရှင်းရမယ့် ကိစ္စပါ။ ဒါကြောင့်ခဏလောက်စောင့်ပြီး မိမိလုပ်လို့ရတာကတော့ Refresh button ကိုခဏခဏနှိပ်ပြီး web page ကို ပြန် try ဖို့ပါ။

 503: Service Unavailable Error

503 Error ကတော့ ခဏလောက်ပဲ Web Site Server ကိုမတွေ့ရှိခြင်းပါ။ ဒီ Error မျိုးဖြစ်ပါက Server ကို Maintenance လုပ်နေချိန် (or) temporary overloading တွေကြောင့်ဖြစ်တာပါ။ ကဲ အခုတော့ ဒီလောက်နှင့်ပဲကျေနပ်ပါဦးနော်။



                                                                 Source: MY DATA Game & Software CD/DVD

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More