ကျွန်တော်တို့ ကွန်ပျူတာမှာ Run ထားတဲ့ Program တွေကို ဖွင့်တဲ့အခါမှာ
မြန်ဆန်မှုရှိအောင် လုပ်တဲ့နည်းလေးဖြစ်ပါတယ်။ အတော်များများလဲ သိပြီးသား
ဖြစ်ကြမှာပါ။ မိမိတို့ Run ထားတဲ့ Program ရဲ့ Shortcut မှာ commend
လေးထည့်တာနဲ့ အဆင်ပြေပါတယ်။ လုပ်ရတာလဲ မခတ်ခဲပါဘူး။ အသုံးပြုကြည့်ချင်တယ်ဆိုရင် အောက်ကအတိုင်းလုပ်ဆောင်ပေးလိုက်ပါ။
1.မိမိ computer မှ Desktop ပေါ်ရှိ မိမိ Run ထားတဲ့ Program တွေရဲ့
Shortcut Icon ပေါ်မှာ Right click ပေးလိုက်ပါ။ Properties ကို ထပ် click
လိုက်ပါ။2.အောက်မှာ ၀ိုင်းပြထားတဲ့ အတိုင်း Shortcut မှ Target Box မှာ မှုလရှိပြီးသား ရဲ့နောက်မှာ Space Bar တစ်ချက်ခြားပြီး /prefetch:1 လို့ရိုက်ထည့်လိုက်ပါ။ ပြီးရင် Apply ကိုနှိပ်ပြီး OK ကို click လိုက်ပါ။
(ကျန်တဲ့ Shortcut တွေကိုလဲ ဒီလိုဘဲ လိုက်ထည့်လိုက်ပါ။ တစ်ခုတည်းထည့်ထားလို့ ကျန်တာကို မထည့်လို့ မရပါဘူး။)
မိမိတို့ Program တွေကိုဖွင့်တဲ့အခါမှာ မြန်ဆန်လာတာကို တွေ့ရပါလိမ်မည်။ (ပြုလုပ်ထားတာကိုဘဲ ပြောတာနော်)
3 ဦးမှတ်ချက်ပြုပါသည်။:
ကျေးဇူးတင်ပါတယ် အစ်ကို။
အဆင်ပြေလိုက်တာ..အခုမှစိတ်ချမ်းသာတော့တယ်။
နည်းပညာဖြန့်ဝေပေးတဲ့ ကိုထွေး ကိုကျေးကျေးပါ။
ကျေးဇူးတင်ပါတယ် အစ်ကို။
Post a Comment
ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။