နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, January 5, 2012

Run Box မှာရိုက်ထားတဲ့ command တွေကိုဖျက်ကြရအောင်

Run Box ကနေ Program တွေကိုဖွင့်ယူတာ အမြန်ဆုံးနည်းလမ်းတစ်ခုပါ။အဲဒီ Run Box ထဲမှာ ကိုယ် ရိုက်ထား ခဲ့တဲ့ command တွေကိုသိမ်းထားပေးပြီးတော့ နောင်တစ်ကြိမ် run box ထဲကိုဝင်ပြီး အရင် ရိုက်ထားခဲတဲ့ command တွေကို ပြန်ရိုက်စရာမလိုပဲ ပြန်ယူသုံးနိုင်တယ်။ဒါပေမဲ့ အဲဒီ run box ထဲမှာ ကိုယ်အမြဲ တမ်းအသုံးပြုနေရတဲ့ command နှင့် ပြန်လည်အသုံးပြုရန်မလိုအပ်သော command တွေနှင့် ရောထွေး နေပါ တယ်။ဒါဆို အသုံးမလိုတော့တဲ့ command ကိုရွေးဖျက်ပြီး အသုံးလိုတဲ့ command ကိုပဲချန်ထားချင်တယ်ဆိုရင် အောက်ပါနည်းလမ်းလိုက်လုပ်ကြည့်ပါ။


မှတ်ချက် - သမားရိုးကျဆိုရင် run box ထဲရှိ command များကိုရွေး ဖျက်လို့မရနိုင်ပါ။

1. ​ Start  >>  Run ကိုဖွင့်ပါ။
2. regedit ရိုက် Enter ခေါက်ပါ။
3. HEKY_CURENT-USER \ Software \ Microsoft \ Windows \ Explorer \ RunMRU
    ထိရောက်အောင်သွားပါ။
4. ညာဘက်တွင် run box ထဲတွင် သင်အသုံးပြုခဲ့သော command    များထဲမှအသုံးမလိုအပ်
    သောcommand များကို right click နှိပ် Delete or Remove ကိုရွေးချယ်ဖျက်ပစ်နိုင်ပါသည်။
5. စက်ကို restart လုပ်ရန်လိုအပ်ပါသည်။

    MRU = Most Recently Used

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More