နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Friday, January 6, 2012

မောင်သက်နိုင်အောင်ဇေယျနှင့်သဇင်တို့၏မင်္ဂလာလက်မှတ်ရေးထိုးပွဲ

e4401


ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် အဆိုတော် သဇင်နှင့် မောင်သက်နိုင်အောင် ဇေယျတို့၏ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပွဲကို ဇန်န၀ါရီ လ၁ ရက်နေ့က ရန်ကုန်မြို့ဆီဒိုးနား ဟိုတယ် Executive Club ၌ ပြုလုပ်ခဲ့ရာ နှစ်ဖက်မိဘဆွေမျိုး အသိုင်းအ၀န်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မီဒီယာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယင်းအခမ်းအနားတွင် မင်္ဂလာ အခမ်းအနားမှူးအဖြစ် ဦးတင်မြင့်သန်းက ဆောင်ရွက်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တရားသူကြီး ဒေါက်တာဦးမင်းသိန်းက မင်္ဂလာလက်မှတ်ထိုးပွဲ၏ နာယကအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် သတို့သားဘက်မှ အသိသက်သေများအဖြစ် သရုပ်ဆောင် ပြေတီဦးနှင့်အိန္ဒြာကျော်ဇင်၊ သတို့သမီး ဘက်မှ အသိသက်သေများအဖြစ်
ဦးနိုင်ဝင်း(စုမြတ်မင်း Jwellery)နှင့်ဇနီး ဒီဇိုင်နာမမဉ္ဇူ (ZuZu collection) တို့က ပါဝင် ဆောင်ရွက်ပေးခဲ့ကြသည်။ အသိသက်သေများ ရှေ့မှောက် ၌ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးပြီးနောက် သစ္စာဆိုကတိပြု ခဲ့ကြသည်။
သဇင်နှင့် မောင်သက်နိုင်အောင်ဇေယျတို့၏ မင်္ဂလာဧည့်ခံပွဲကို ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ဆီဒိုးနားဟိုတယ်၌ ပြုလုပ်သွားမည်ဖြစ်ပြီး မင်္ဂလာ ညစာစားပွဲကို အင်းလျားလိတ် ဟိုတယ် မြက်ခင်းပြင်တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။ မင်္ဂလာဧည့်ခံပွဲတွင် မင်္ဂလာလက်စွပ်ဗန်း ကိုင်ဆောင်သူများအဖြစ် သရုပ်ဆောင်မော်ဒယ်လ် သဉ္ဇာနွယ်ဝင်း၊ အေရီရယ်သုတတို့ က ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ပြီး မင်္ဂလာဝတ်စုံကို ဒီဇိုင်နာမမဉ္ဇူကတာ ၀န်ယူဆင်မြန်းပေးသွားမည်ဟု သိရသည်။ သတို့သား မောင်သက်နိုင်အောင်ဇေယျသည် သြစတြေးလျနိုင်ငံ ပါ့သ်မြို့တွင် နေထိုင်၍ အလုပ်လုပ်ကိုင်လျက်ရှိသူ တစ်ဦးဖြစ်ပြီး သရုပ်ဆောင် အိန္ဒြာကျော်ဇင်၏ မောင်တစ် ၀မ်းကွဲတော်စပ်သူဖြစ်သည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More