နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, November 24, 2011

Virus ဖိုင်လား Setup ဖိုင်လားသိဖို့

                                                                  
Virus လား Setup ဖိုင်လားခွဲခြားသိစေချင်လို့ ဒီ Post လေးကိုတင်လိုက်ခြင်းဖြစ်ပါတယ်။ notepad နဲ့ရေးတဲ့ Virus တွေကို ဘယ် Antivirus ကမှ မသိပါဘူး။ ဒါဆိုဘယ်လိုသိနိုင်မလဲ .exe , .bat ဖိုင်တွေကို icon changer လို software တွေသုံးပြီး icon ပြောင်းထားမယ်ဆိုရင် တကယ် software တစ်ခုလို့ထင်ပြီး run မိမှာပါ။ ဒါဆို Virus ဘာလဲဆိုတာလဲ သိပြီဖြစ်လို့၊ ဘာတွေရေးထားတာလဲ သိရင် run ပါ့တော့မလား။ notepad နဲ့ ရေးထားတဲ့ virus တွေ ကို ဘာတွေရေးထားတယ်ဆိုတာ သိနိုင်တဲ့နည်းပြောပြပါ့မယ်။
အောက်ပါအတိုင်း သူများပေးလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ် ရေးတာပဲဖြစ်ဖြစ် ရလာတဲ့ virus ဖိုင် (.exe,.bat) နှစ်ခုလုံးကို R-Click လုပ်ကြည့်ပါ။ Open with မပေါ်ပါဘူး။ Run ပဲပါ ပါတယ်။ run ပြီဆိုတာနဲ့ virus စအလုပ် လုပ်ပြီ ဆိုတာတော့ လူတိုင်းသိပါတယ်။ (.bat ဖိုင်မှာတော့ R-Click လုပ်ရင် Edit ပါပါတယ်။ Edit နဲ့လည်းကြည့်နိုင်ပါတယ်။ )
notepad
အသစ်လေးတစ်ခု ယူပြီး virus ဖိုင် တစ်ခုကို Drag ဆွဲထည့်ကြည့်ပါ။ ဘာတွေရေးထားလဲဆိုတာ သူရေးထားတဲ့ အတိုင်း တစ်သွေမတိမ်းပေါ်ပါတယ်။
မြင်တဲ့အတိုင်းပါပဲ ( File တစ်ခု send ပေးလိုက်ရင် run ရမှာ ကြောက်တယ်ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ အခုချိန်က စပြီး ပေးလာသမျှကို အားရ၀မ်းသာ ယူလိုက်ပါ။ ပညာတောင်ပိုရမှာပါ။ )
ကျွန်တော်လေ့လာမိသလောက် ဝေမျှခြင်းဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More