နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, November 22, 2011

SWF မှ Mp3 ပြောင်းလဲပုံ

                                                          
Flash (swf) ဖိုင်တွေကို Mp3 သီချင်းပြောင်းချင်လို့ပဲဖြစ်ဖြစ် Video Format ပြောင်းချင်တာပဲဖြစ်
ဖြစ် လိုအပ်တဲ့ ဆောဖ်ဝဲက တစ်ခုတည်းပါ။အဲဒါကတော့ Iwisoft Flash Converter ပဲဖြစ်ပါတယ်။
ပထမဆုံး Iwisoft Flash Converter ကို ဒေါင်းလိုက်ပါ။
ပြီးတော့ စက်ထဲမှာ အင်စတောလုပ်လိုက်ပေါ့။
အင်စတောလုပ်လို့ပြီးရင် ဖိုင်ထဲမှာ ကျတော်ပေးထားပြီးးသား Crack ဖိုင် ကိုအသုံးပြုပြီး
Register လုပ်လိုက်ပါ။ဒါမှသုံးရတာအဆင်ပြေမှာ နို့မို့ Trail Version နဲ့ဆိုစိတ်ညစ်ရဦးမယ်။
Register လုပ်တာက တခြားနဲ့မတူဘူး။ခုဆောဖ်ဝဲက Cracking လုပ်ရမှာဖြစ်တဲ့အတွက်
Serial Numbers တွေမလိုအပ်ပါဘူး။







Crack ဖိုင်ကိုဖွင့်လိုက်ရင်ဒီအတိုင်မြင်ရမယ်။ပြီးရင် Crack it now ကိုနိုပ်ပါ။ ဝင်းဒိုးတစ်ခုပေါ်လာ
မယ်။သူရွေးခိုင်းတဲ့ဖိုင်ကို ရွေးလိုက်  ပြီးတော့ OK  ပေါ့။
Full Version ကိုသုံးရပါပြီ။




 ဒီမှာအသုံးပြုလိုရနိုင်ပေမယ့် တစ်ခုချင်းပဲ Convert လုပ်ပေးနိုင်ပါတယ်။ဒီမှာတစ်ခုကောင်းတာ
က Flash တစ်ပုဒ်လုံးကို မလိုချင်သူများ ကိုလိုချင်သလောက် စမှတ် ဆုံးမှတ် သတ်မှတ်ပြီးတော့
လိုသလောက်ပဲ Convert လုပ်ပေးနိုင်ပါတယ်။ဒီဟာက ဘာအတွက်ကောင်းသလဲဆိုတော့
Animation Gif လုပ်ရာမှာပိုအဆင်ပြေပါတယ်။ဖိုင်တစ်ခုလုံးကို Convert လုပ်ဖို့ဆိုရင်တော့
တစ်ခုပြီးတစ်ခု တစ်ပုဒ်ပုဒ် Convert လုပ်ရတာဆိုတော့ သိပ်တော့အလုပ်ဖြစ်မယ်မထင်ပါဘူး။
ဒါဆို ပုံမှာ မြှားပြထားတဲ့နေရမှာ Switch to Batch mode ကိုနိုပ်လိုက်ရင်အောက်ပုံအတိုင်း




ဒီတစ်ခါတော့ သီးချင်းဖိုင် အများကြီးကို တစ်ခါတည်း Convert လုပ်နိုင်ပါပြီ။

  1. Convert လုပ်မယ့် သီချင်းဖိုင်များပေါင်းထည့်ရန်
  2. Convert လုပ်ပြီးထွက်လာမယ့် ဖိုင်အမျိုးအစား
  3. Convert လုပ်ပြီးထွက်လာမယ့် ဖိုင်အမျိုးအစား ကိုစိတ်ကြိုက်ပြောင်းရန်
  4. Convert လုပ်ပြီး Video / Mp3 / ပုံများရောက်ရှိမယ့်နေရာ
  5. Pause နိုပ်ပြီးလိုချင်တဲ့ပုံကို ရိုက်နိုင်ပါတယ်။
  6. ရိုက်ပြီးပုံထွက်မယ့်နေရာ
  7. ကိုယ် Convert လုပ်ချင်တဲ့ဖိုင် ပြည့်ပြီးဆိုရင် စပြီး Convert လုပ်ပါ။

သီချင်းတစ်ပုဒ်ကို ၅ မိနစ်လောက် စောင့်ရမယ်ထင်တယ်။ခုပုံမှာ ကျတော်လိုချင်တဲ့ Video
Format ကတော့ AVI ဖြစ်ပါတယ်။တကယ်လို့တခြားလိုချင်တယ်ဆိုရင် နံပါတ် ၃ နေရာမှာ
နိုပ်ပါ။



ပြောင်းလဲနိုင်တဲ့  Video Format များကတော့
SWF to AVI
SWF to MPEG (VCD / DVD)
SWF to MP4 (PSP / PS3)
SWF to MP4 (iPod /iPhone /Apple TV)
SWF to 3GP (Moblile)
SWF to Zune (Microsoft)
SWF to WMV (Windows Media)
SWF to Windows Mobile
SWF to FLV (Youtube Video)
SWF to Mov (Quick Time)ဖြစ်ပါတယ်။
သီချင်းသက်သက်လိုချင်ပါက
SWF to MP3
ပုံတွေလိုချင်ပါက
SWF to Picture (BMP / PNG / JPEG / GIF / Animated GIF)
ပုံထဲမှာ လှုပ်တာလေးတွေလိုချင်ရင်တော့ Animated GIF ကိုရွေးလိုက်ပေါ့။

ဆော့ဝဲကို ဒီမှာဒေါင်းပါ

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More