နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, August 29, 2013

Web Page ပေါ်ကစာတွေကို Copy လုပ်လို့ရအောင်


အောင်မျိုးသူ: အကို့ဆိုဒ်ကစာတွေကို ကော်ပီဆွဲပြီးတော့ သိမ်းထားချင်လို့ ဘယ်လိုလုပ်ရမလဲအကို။
ဟုတ်ကဲ့ပါ။ အောင်မျိုးသူမေးထားလေးကို ဖြေပေးပါ့မယ်။ အောင်မျိုးသူ Mozillafirefox ကို အသုံးပြုလိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် ပထမဆုံး ဒီနေရာကို အရင်ဆုံးသွားလိုက်ပါ။ အောက်ပုံအတိုင်းပေါ်လာပါ့မယ် ခင်ဗျာ။



Add to Firefox လေးကိုနှိပ်လိုက်ပါ အောင်မျိုးသူရေ။ ပြီးရင် အောက်ကပုံလေးကိုကြည့်ပါ။

Install Now လေးကိုနှိပ်ပြီး သွင်းလိုက်ပါ။ အားလုံးပြီးသွားရင် အောက်ကပုံအတိုင်းပေါ်လာပါ့မယ်။


Restart Now ကိုနှိပ်လိုက်ပါ။ mozilla ပိတ်သွားပြီး ပြန်ပွင့်လာပါလိမ့်မယ် ခင်ဗျာ။ ဒီအဆင့်ရောက်ပြီဆိုရင် အောင်မျိုးသူရဲ့ mozilla မှာအောက်ကပုံလေးအတိုင်းပေါ်နေပါလိမ့်မယ်။ 


မြှားပြထားတဲ့ မြှားလေးကိုနှိပ်လိုက်ပါ။ အောက်ပါပုံလေးအတိုင်းပေါ်လာရင် Web Page ပေါ်ကစာတွေကို Copy လုပ်လို့အဆင်ပြေသွားပါလိမ့်မယ်။


 ကဲ အောင်မျိုးသူရေ ကြိုက်တဲ့စာတွေကို ကြိုက်သလောက်သိမ်းလို့ရသွားပါပြီ ခင်ဗျာ။
အားလုံး အဆင်ပြေပါစေ။
ကိုထွေး(နည်းပညာ)

1 ဦးမှတ်ချက်ပြုပါသည်။:

Unknown said...

ကျေးဇူးတင်ပါတယ် အကို

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More