နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Thursday, October 13, 2011

Zawgyi-One နှင့် Unicode တွဲသုံးရအောင်

                                                                   

ကျွန်တော်ဒီနေ့တော့ Zawgyi-One Install လုပ်နည်းနဲ့ အခုနောက်ပိုင်းပေါ်လာတဲ့ Unicode နဲ့Zawgyi-One နှစ်မျိုးလုံးကိုမိမိတို့ရဲ့ကွန်ပျူတာမှာလွယ်လွယ်ကူကူနဲ့အသုံးပြုနိုင်စေဖို့အတွက်ပါ။ Zawgyi-One ကို Install လုပ်တဲ့အခါမှာ 32 Bits အတွက်အခက်အခဲမရှိပေမယ့် 64 Bits အတွက် Install လုပ်တဲ့အခါမှာအခက်အခဲလေးတွေရှိတက်တာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ Zawgyi-One ကိုအရင်ဆုံး အောက်မှာမိမိတို့အဆင်ပြေတဲ့ လင့်ကနေဒေါင်းလော့ချလိုက်ပါ။

 Zawgyi-One ကို Install လုပ်နည်း

အရင်ဆုံးZawgyiOne20060620ကိုInstallလုပ်လိုက်ပါ.ZawgyiOne20060620ကိုInstallလုပ်ပြီးပြီဆိုရင်တော့ Keyboardအတွက်32BitsဆိုတဲFolderထဲမှာရှိတဲ့zfkegwc2ကိုInstallလုပ်ပေးလိုက်ပါ။ဒါဆိုရင်32BitsUsers များအတွက် မိမိတို့ရဲ့ ကွန်ပျူတာမှာ Zawgyi-Oneဖောင့်ကိုကောင်းကောင်းအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်။

For 64 Bits

32 Bitsအတွက်Instalလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို64BitsUserများအတွက်ZawgyiOneဖောင့်ကို အသုံးပြုလို့ရအောင်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကိုပြောပြပေးပါမယ်။တစ်ချို့ဒီအဆင့်လေးကိုမသိတဲ့အတွက်Zawgyi-One ကိုသုံးလို့မရတာတွေဖြစ်တက်ပါတယ်။ဒေါင်းလော့ချထားတဲ့ဖိုဒါလေးထဲ32Bitsအတွက်Installလုပ်ပြီးသွားပြီဆိုရင်တော့ 64 Bits ဆိုတဲ့ Folder လေးထဲကိုသွားလိုက်ပါ။ပြီးရင်အဲ့ဒီဖိုဒါလေးထဲက install_me ဆိုတာလေးကို Install လုပ်ပေးလိုက်ပါ။ပြီးရင်မိမိတို့ ကွန်ပျူတာကို restart ချပေးလိုက်ယုံပါပဲ။ဒါဆိုရင် 64 Bits မှာ Zawgyi-One ကိုအသုံးပြုရတာ အဆင်ပြေသွားပါလိမ့်မယ်။



Zawgyi-One Download 

Download From Ifile.it


Download  From  Mediafire

Zawgyi and Unicode

နောက်တစ်ခုကတော့ Unicode ရော Zawgyi-One ရော Install လုပ်ပြီးသုံးချင်သူတွေအတွက်အဆင်ပြေ
မယ့်နည်းလမ်းလေးပါ။အပေါ်မှာရှင်းပြခဲ့သလို မိမိတို့ရဲ့ကွန်ပျူတာမှာ Zawgyi-One Font ကို Install လုပ်
ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Unicode ကို မိမိတို့စက်မှာသွင်းဖို့အတွက် Unicode Font တွေကိုဒေါင်းလော့ချလိုက်ပါ..Unicode အတွက် ဖောင့်တွေကိုဒေါင်းလော့ချပြီးပြီဆိုရင်တော့ အထဲမှာပါတဲ့ mm3 , winuniiw ,  yunghkio_pop_april_22_ship စတဲ့ ဖောင့်တွေအကုန်လုံးကို Install လုပ်လိုက်ပါ.ဒါဆိုရင်မိမိတို့ရဲ့စက်မှာ Zawgyi-One ရော Unicode ရော နှစ်မျိုးလုံးနဲ့ရေးထားတဲ့ စာတွေကိုဖတ်လို့ရသွားပါပြီ။နောက်ထပ် Unicode လက်ကွက်ကိုအသုံးပြုနိုင်ဖို့အတွက် မိမိတို့ရဲ့ ကွန်ပျူတာမှ KeyMagic လေးကို Install လုပ်လိုက်ပါ။ဒါဆိုရင် ကျွန်တော်တို့ကZawgyi-One ကိုအသုံးပြုမယ် ဆိုရင် ကီးဘုတ်က Shift နဲ့ Ctrl ကိုနှိပ်ပြီးပြောင်းသုံးနိုင်သလို
Unicode လက်ကွက်ကိုသုံးမယ်ဆိုရင်လဲ Keyboard မှ Ctrl + Shift + Z ကိုနှိပ်ပြီးပြောင်း သုံးလို့ရသွားပါပြီ။
ဒါကတော့ လက်ရှိအသုံးပြုနေကြတဲ့ Zawgyi-One နဲ့ Unicode နှစ်မျိုးလုံးကိုမိမိတို့ရဲ့ ကွန်ပျုတာမှာ လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင် ဖို့အတွက် ဖြစ်ပါတယ်။

Unicode Fonts Download 


Download  From  IFile.it


Download  From  Mediafire

KeyMagic  Download 

Download  From Ifile.it


Download  From  Mediafire

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More