နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Sunday, August 28, 2011

သားအိမ်နှစ်ခုနှင့် သားငယ်နှစ်ယောက်မွေးဖွားနိုင်ခဲ့ သူ

အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသရှိ ပတ္တနားမြို့တွင် ခန္ဓာကိုယ်အတွင်းသားအိမ်နှစ်ခုရှိနေသည့် အမျိုးသမီး
တစ်ဦးသည် အဆိုပါသားအိမ်တစ်ခုစီမှ ကျန်းမာသန်စွမ်းသည့် ကလေးနှစ်ယောက်အား မွေးဖွားခဲ့ သည်
ဟုဆိုပါတယ်...
ကလေးငယ်တစ်ဦးစီဟာ သားအိမ်တစ်ခုစီတွင် သန္ဓေတည်နေခဲ့ပြီးမွေးဖွားခဲ့ တာမို့ ထိုကဲ့ သို့ အဖြစ်မျိုးအ
နေဖြင့် တစ်ကမ္ဘာလုံးတွင် တစ်နှစ်လျှင်တစ်ကြိမ်ခန့် လောက်သာဖြစ်လေ့ ရှိတာမို့ ဆရားဝန်များအနေနှင့်
ဤဖြစ်ရပ်မျိုးအား ရှားရှားပါးပါးမြင်တွေ့ ခဲ့ ရသောကြောင့် အလွန်အံ့ အားသင့် ခဲ့ ကြရပါတယ်...

Mamma1 300x258 Two Healthy Baby Boys Born From Woman With Two Wombs picture
အံ့ သြရယ်လို့ တဲ့ မှ မကုန်နိုင်....

အသက် ၂၈ နှစ်အရွယ်ရှိ ဒေ၀ီ ဟာ သားငယ်နှစ်ဦးကို တစ်လစီခြားပြီး သားမျိုးဥအိမ်တစ်ခုစီကနေသန္ဓေ
တည်ခဲ့ တာဖြစ်ပါတယ်...
ဖြစ်နိုင်ချေ သန်း ၅၀ တွင် တစ်ကြိမ်သာအောင်မြင်စွာ သန္ဓေတည်မွေးဖွားနိုင်မည့်ဖြစ်ရပ်တွင် ခဲယဉ်းစွာဖြစ်
တည်ကာ ဗိုက်ခွဲပြီးမွေးဖွားခဲ့ ရသည့် ထိုအမျိုးသမီးဟာ အစပထမတွင် အမွှာပူးကိုယ်ဝန်ရှိနေခဲ့ သည်ဟု
ထင်မှတ်နေခဲ့ ပြီး သူမတွင် သားအိမ်နှစ်ခုရှိနေမှန်း လုံးဝမသိရှိခဲ့ ပါဘူး...
" မွေးဖွားဖို့ ဗိုက်နာမှပဲ ကျွန်မဒီအကြောင်းကိုသိရပါတော့တယ်...ကျွန်မဖြင့် ဘယ်လိုဆက်စခန်းသွားရမယ်
တောင်မသိတော့ ပါဘူး...ဗိုက်ကလည်းနာ၊ ကြောက်ကလည်းနေမိတာပါပဲ...
ဒါပေမယ့် လည်း ဘေးမသီရန်မခပဲဖြတ်ကျော်လာနိုင်ခဲ့ တာမို့ ဝမ်းသာပျော်ရွှင်မိပါတယ်..."  လို့ သူမက
ပြောကြားခဲ့ ပါတယ်...
" ကျွန်တော်ဖြင့် ဒီလိုဖြစ်ရပ်မျိုးတစ်ခါမှ မကုသပေးခဲ့ ဖူးလို့ အံ့ အားသင့် သွားခဲ့ ရပါတယ်..." လို့ သားဖွား
မီးယပ်ဆိုင်ရာ ဆရာဝန်ဒစ်ပတီဆင်း ကပြောကြားခဲ့ ပါတယ်...
ယခုကဲ့ သို့ အလွန်ရှားပါးသည့် ဖြစ်တောင့် ဖြစ်ခဲဖြစ်ရပ်မျိုးတွင် သားအိမ်တစ်ခုချင်းစီဟာ သားဥအိမ်နှင့်
မျက်နှာချင်းဆိုင်တည်ရှိနေသည့် သားဥပြွန်နှင့် တည်ရှိနေတာဖြစ်ပြီး သန္ဓေတည်ခဲ့ ပါက ကိုယ်ဝန်ဆောင်
သူအနေနှင့် လမစေ့မှမွေးဖွားရခြင်း၊ သန္ဓေမအောင်နှုန်းမြင့် မားခြင်း၊ ဆက်တိုက်ကိုယ်ဝန်ပျက်တတ်ခြင်း၊
သားအိမ်အတွင်းသန္ဓေသားကြီးထွားမှု လျော့ နည်းခြင်း၊ မီးဖွားပြီးသွေးဆင်းခြင်းများ ဖြစ်ပေါ်စေတတ်ပါ
တယ်...
ဒေ၀ီနှင့် သားကလေးတွေအတွက်ကတော့ သားအိမ်နှစ်ခုရှိတာ တစ်ခုထက်ပိုကောင်းတာအသေအချာပါပဲ။
                                                            
                                                                                  ကိုပီတာရဲ့အတွေးပုံရိပ်မှ .....

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More