နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Tuesday, August 30, 2011

ဗုဒ္ဓဂယာတွင်မြန်မာရုပ်ရှင်ဇာတ်ကားကြီးသွားရောက်ရိုက်ကူးရန်စီစဉ်

အိန္ဒိယနိုင်ငံ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာဒေသ တွင် မြန်မာရုပ်ရှင် ဇာတ်ကားတစ်ကား ပထမဆုံးအကြိမ် အဖြစ်  သွားရောက် ရိုက်ကူးရန် စီစဉ် နေကြောင်း ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က ၈-၄-၂၀၁၁ ရက် တွင် ပြောကြားသည်။ ထိုသို့ ရိုက်ကူးရာတွင် မြတ်စွာဘုရား ဟောကြားခဲ့သည် ဒေသနာတော် များထဲမှ တစ်စိတ် တစ်ဒေသကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးမည် ဖြစ်ပြီး ဗီဒီယို အထူး ပြုလုပ်ချက်များ၊ Animation များ ပါဝင်မည် မဟုတ်ဘဲ သဘာဝ အတိုင်း ရိုက်ကူးမည် ဖြစ်ကြောင်း၊ ထိုဇာတ်ကားကို မြန်မာသရုပ် ဆောင်များ ဖြင့်သာ ရိုက်ကူးမည် ဖြစ်ကာ နိုင်ငံတကာသို့ ပြသရန် ရည်ရွယ်ကြောင်း သိရသည်။ ထိုဇာတ်ကား ရိုက်ကူးရန် စီစဉ်ဖြစ်ပုံ နှင့် ပတ်သက်၍ " ကျွန်တော် မနှစ်က ဗုဒ္ဓဂယာမှာ ဘုန်းကြီးဝတ် ဖြစ်တယ်။ အဲဒီက ပြန်လာတော့ ဇာတ်လမ်း တစ်ခု ရိုက်ဖို့ စိတ်ကူးမိတယ်။ သူငယ်ချင်း တစ်ယောက် ကလည်း ပရိုဂျူဆာ လုပ်မယ်။ ကားကြီး ရိုက်မယ်ပေါ့။
ဇာတ်လမ်းက မြတ်စွာဘုရား အကြောင်းတော့ မဟုတ်ဘူး။ မြတ်စွာဘုရား အကြောင်းကို ကျွန်တော်တို့ မရိုက်နိုင်ဘူး။ မြတ်စွာဘုရား ဟောကြား ခဲ့တဲ့ ဒေသနာတော် ထဲက တစ်စိတ် တစ်ဒေသကို ရိုက်ကူးဖို့ စီစဉ်တာ ဖြစ်ပါတယ် " ဟု ၎င်းက ပြောကြားသည်။ ထိုသို့ ရိုက်ကူးရာတွင် ဒေသနာတော်များ ကို Meditation မှ အစ ဇာတ်လမ်းဆင် ရိုက်ကူးမည် ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ ၏ ကျင့်ဝတ်ကျင့်စဉ်၊ ဘုရားဟော တရားတော်များ ကို နိုင်ငံခြားသားများ စိတ်ဝင်စား စေမည့် ဇာတ်မျိုး ရိုက် ကူးမည် ဖြစ်ကြောင်း သိရသည်။" ဒီဇာတ်ကား ရိုက်ဖို့ ဇာတ်လမ်း၊ ဇာတ်ညွှန်း အတွက် ငါးထပ်ကြီးဘုရားက ဆရာတော်တစ်ပါး နဲ့ ဆွေးနွေး နေပါတယ်။ ဒီဇာတ်ကားမျိုးက ဖန်တီးလို့ လွယ်ကူတဲ့ဇာတ် မဟုတ်တဲ့ အတွက် တကယ် သိတဲ့ သမိုင်းပညာရှင်တွေ နဲ့လည်း သေချာတိုင်ပင် ရမှာပါ။ ထုတ်လုပ်သူက လည်း အားပေးတယ်။ ကျွန်တော်ကလည်း ရိုက်ချင်တယ်။ ဘုရားရဲ့ နှုတ် ကပါဠ်တော်၊ ပညတ် ထားခဲ့တာ တွေကို ဒီခေတ်နဲ့ အညီ ဇာတ်လမ်း ဖြစ်အောင် ရိုက်ကူးမှာပါ" ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ထိုဇာတ်လမ်း ရိုက်ကူးရန် မြန်မာသရုပ် ဆောင်များ အား ဇာတ်လမ်းကိစ္စ ပြီးစီးမှသာ ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More