နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Sunday, February 26, 2012

Veentine Dayမှာပရိတ်သတ်နဲ့တွေ့ဆုံခဲ့တဲ့သက်မွန်မြင့်

Myanmar Popular Actress: Thet Mon Myint @ Nay Pyi Daw Cinema, Yangon

Academy Thet Mon Myint's Valentine's Day Fashion







                                                
အကယ်ဒမီ သုံးဆုရ ခဲ့တဲ့ “အာဒမ်ရယ်၊ ဧဝရယ်၊ဒသရယ်”ရုပ်ရှင်ဇာတ် ကားကြီး ကို ဖေဖော်ဝါရီ ၁၄ရက်နေ့က ပြန်လည် ရုံတင် ပြသခဲ့ ရာမှာ လတ် တလော အကယ်ဒမီ ဆုရှင် သက်မွန်မြင့်က ပရိသတ်တွေနဲ့ ရင်းနှီးနွေးထွေးစွာ စကားပြောခဲ့ကြပါတယ်။
အကယ်ဒမီသက်မွန်မြင့်ကို အကယ်ဒမီ မရခင်
“အာဒမ်ရယ်၊ဧဝရယ်၊ ဒသရယ်” ဇာတ်ကား ကြီးနဲ့၊ပရိသတ်တွေကို တွေ့ဆုံရတဲ့ ခံစားမှု၊ အကယ်ဒမီရပြီး ပြန်လည်ဆုံတွေ့ရ တဲ့ ခံစားမှုတို့ရဲ့ ကွာခြားချက် ကိုမေးတော့ “သက်မွန်က အခုလိုမျိုး ပရိသတ်တွေ နဲ့ တွေ့ ရတယ်ဆို ပျော်တာပါပဲ။ ကိုယ်က သရုပ်ဆောင်ဖြစ်နေ တဲ့အတွက် ပရိသတ်တွေနဲ့ ဆုံ ဖို့ဆိုတာ မလွယ်ဘူးလေ။ အဆို တော်တွေ ဘာတွေဆို ပရိသတ် တွေနဲ့ဆုံပြီး စကားတွေပြောကြ၊ သီချင်းတွေဆိုကြဆိုတော့ သိပ်အားကျမိ တယ်။ ကိုယ်က ဒီလိုပရိုမိုးရှင်းရှိတဲ့အချိန်မှ ပရိသတ်တွေနဲ့ ဆုံရတာဆိုတော့ တန်ဖိုးထားတယ်။ ပျော် လည်း ပျော်တယ်။ သူတို့တွေအား ပေးလို့လည်း ဒီလိုမျိုးဆုကို ကိုယ်ယူလာနိုင် တယ်။ သူတို့ရစေချင်တဲ့အတိုင်း ဒီဆုကို ပိုက်လာနိုင်တဲ့အတွက် သူတို့ဆန္ဒကို ဖြည့် ဆည်းပေးနိုင်တယ်ဆိုပြီး ပီတိဖြစ်မိ တယ်” လို့ပြောပါတယ်။
ဒီနှစ် Valentine’s Day မှာ သက်မွန်မြင့်က သူ အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားနဲ့ ပရိသတ် တွေကို တွေ့ဆုံခဲ့ တဲ့အတွက် အရင်နှစ်ဖြတ် သန်းခဲ့ဖူးတဲ့ Valentine’s Day တွေရဲ့ခံစား မှုတွေနဲ့ကွာခြားမှာပဲလို့ဆိုတော့ “အရင်နှစ် တွေတုန်းက Valentine’s Day ဆိုတာ ကိုယ်နဲ့ ဘာမှမသက်ဆိုင်သလိုပဲ သိပ်ပြီး တော့ အမှတ်တရလည်း မရှိဘူး၊ ဘာမှလည်း မသိခဲ့ဘူး။ ကားရိုက်ရင်းနဲ့ပဲ ဖြတ်သန်းရတာပဲ။ ဒီတစ်နှစ်ကျတော့ပရိသတ်တွေနဲ့တွေ့ ပြီး အတူတူပျော်ကြ၊ စကားတွေပြောကြ၊ Happy Valentine’s Day ဆိုတော့ ပျော်စရာကြီး။
ဒီနှစ်တော့တကယ် အမှတ်တရ နေ့ပေါ့။ အမှတ်တရလေးလည်း ဖြစ်အောင်၊ ပရိသတ်တွေနဲ့လည်း အတူတူပျော်ရအောင် လို့ အသည်းပုံ အင်္ကျီလေးလည်း ဝတ်လာ တယ်” လို့ အသည်းပုံ အင်္ကျီလေး ဝတ်ဆင် ဖြစ်ခဲ့ခြင်းအကြောင်းကို ဆက်ပြောပြ ပါတယ်။ လျှောက်လှမ်းလာတဲ့ အနုပညာလမ်းမှာ သက်မွန်မြင့်က အကယ်ဒမီရပေမယ့်လည်း ဈေးမတက်ပါဘူးလို့ ရယ်မောပျော်ရွှင်စွာနဲ့ ပြောပြခဲ့ပြန်ပါတယ်။
2010 The Best Actress Academy Award Winner : Thet Mon Myint

Thet Mon Myint's Academy Fashion







0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More