နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Friday, January 20, 2012

Windows 8 အကြောင်းလေးတစ်ခု

                                                            

Microsoft မှ ၄င်းတို့၏ နောက်ထပ်ထွက်ရှိမည့် Windows Server 8 တွင် လက်ရှိ Windows များတွင်အသုံးပြုနေသော NTFS file system အစား ReFsS ဟုအမည်ရသော file system အား အစားထိုးအသုံးပြုသွားတော့မှာဖြစ်ကြောင်း ကုမ္ပဏီ၏ Blog မှ တဆင့် ကြော်ငြာသွားပါတယ်။


Microsoft Windows ဥက္ကဌဖြစ်သူ Steven Sinofsky မှ ၄င်းတို့အနေဖြင့် ReFS file system အား လာမည့် Windows Desktop version များနှင့် အခြား version များတွင်လည်း အသုံးပြုသွားတော့မှာဖြစ်ကြောင်း အဆိုပါ Blog မှ ထပ်မံကြော်ငြာထားပါတယ်။
ကြော်ငြာထားချက်များအရ ReFS file system မှာ များပြားလှသော ကိရိယာများတွင် အဆင်ပြေချော့မွေ့စွာ အသုံးပြုသွား နိုင်ရန် ပြုလုပ်ထားပြီး ဆံချည်မျှင်မျှ သေးငယ်သော ကိရိယာမှသည် Data Center တွင် အသုံးပြုမည့် ကိရိယာများအထိ အသုံးပြုသွားနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ Microsoft တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Surendra Verma မှတော့ ReFS ဟာ file name နှင့် file path များအတွက် character ပေါင်း  ၃၂,၀၀၀ အထိ အထောက်အပံ့ပေးကြောင်း၊ fileများကိုလည်း 18 quintillion bytes အထိ host လုပ်နိုင်မှာ ဖြစ်ကြောင်း ကြော်ငြာထားပါတယ်။
ReFS (Resilient File System) ဟာ လက်ရှိအသုံးပြုလျှက်ရှိနေသော NTFS (New Technology File System) နှင့်လည်း အဆင်ပြေစွာ ဆက်လက်အသုံးပြု နားလည်သွားနိုင်ပြီး Feature အသစ်များလည်း ထပ်မံပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ဥပမာအားဖြင့် ReFS ဟာ ပမာဏကြီးမားသော disks များ boot လုပ်ရာတွင် နှေးကွေးစေမည့် checkdisk operation ကို ပြုလုပ်စရာမလိုအောင် စီမံထားမှာဖြစ်ပါတယ်။ ထို့ပြင် ReFS ဟာ Disk အတွင်း file system အား မှားယွင်းစွာ ထည့်သွင်းမိလျှင်လည်း အလိုအလျှောက် သူ့အလိုလို ပြင်သွားနိုင်သည့် Auto Correct လည်း ပါဝင် မှာ ဖြစ်သလို မိမိ ကိုယ်တိုင် file system အား repair လုပ်ချင်ပါကလည်း system တစ်ခုလုံးအား ပိတ်စရာမလိုပဲ သီးခြား ပြင်ဆင်လို့ ရသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ReFS ဟာ NTFS ရဲ့ အချက်တော်တော်များများနှင့် ကိုက်ညီစွာ အသုံးပြုလို့ရမည် ဆိုသော်လည်း NTFS ရဲ့ အချက်များဖြစ်တဲ့ Object IDs Short name compression file level encryption extend attributes နဲ့ quotas တို့ကတော့ ReFS မှာ အသုံးပြုလို့ရတော့မှာ မဟုတ်ပါဘူး။ ထို့နောက် Microsoft မှ အာမခံထားတာကတော့ NTFS အတွင်း ရေးသားထားတဲ့ Client API များဟာ ReFS နဲ့ကိုက်ညီစေရန် ပြောင်းလဲဖို့မလိုအပ်ပဲ အလိုအလျှောက်သိနေမှာ ဖြစ်ကြောင်း သိရပါတယ်။
ယခုဖော်ပြထားတဲ့ file system အသစ်ဟာ Microsoft Windows Server 8 အတွက်သာ စတင် ထုတ်လုပ်ဦးမှာဖြစ်ပြီး Windowsတိုင်းတွင် အသုံးပြုနိုင်အောင်ကတော့ အချိန် လိုဦးမှာ ဖြစ်ကြောင်း ကြော်ငြာထားပါတယ်။ 

0 ဦးမှတ်ချက်ပြုပါသည်။:

Post a Comment

ကျေးဇူးဆိုတဲ့ စကားလေးကအားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More