နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Saturday, December 31, 2011

မင်္ဂလာသတင်းကြားရတော့မယ်ဆိုတဲ့ သဇင်

                                                  
အဆိုတော်၊ သရုပ်ဆောင်သဇင်ကို မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီးမေးကြည့်တော့ ”မင်္ဂလာဆောင်က ဖေဖော်ဝါရီလထဲမှာ ဆောင်မှာဖြစ်တယ်လို့ဆိုပါတယ်။ နည်းနည်းစောသေးတော့ အတိအကျမပြောနိုင်သေးဘူး။ နေရာနဲ့ရက်တွေသေချာရင် ပြောပါမယ်”လို့ ဆိုလာပါတယ်။

အကယ်ဒမီကိုပရိတ်သတ်တွေပေးတာနဲ့တင်ကျေနပ်ပါပြီ

                                                  
အကယ်ဒမီပွဲနီးလာတာနဲ့အမျှ အကယ်ဒမီခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာပါပြီ။ ဒီထဲမှာ “အငိုမျက်လုံး  အပြုံးမျက်နှာ” ဆိုတဲ့ဇာတ်ကားနဲ့ အကယ်ဒမီရမယ်လို့ ခန့်မှန်းကြတဲ့ လင်းဇာနည်ဇော်ကို 
အကယ်ဒမီပွဲအတွက် ပြင်ဆင်နေပြီလားလို့ မေးကြည့်တော့ “အကယ်ဒမီနီးတိုင်းမနှစ်ကလည်းဒီလိုပါပဲ။ ဒီနှစ်လည်းဒီလိုပါပဲ။ အကယ်ဒမီဝတ်စုံက အခုထိတော့ မပြင်ဆင်ရသေးဘူး။ ရိုးရိုးပဲသွားမှာပါ။ လူကြီးလည်းဖြစ်နေပြီဆိုတော့ ကိုးလို့ကန့်လန့်လုပ်လို့မရတော့ဘူး။

Friday, December 30, 2011

နှစ်သစ်ဆုတောင်း

                                                      
အားလုံးပဲ မင်္ဂလာနှစ်သစ်ဖြစ်ပါစေလို့ ဦးစွာပထမ ဆုမွန်းကောင်းတောင်းပေးလိုက်ပါတယ်။
ကျွန်တော့်ဆိုဒ်လေးကို အားပေးခဲ့သော သူငယ်ချင်းများအားလုံး ကျေးဇူးအထူးတင်ပါတယ်။
နောင်လည်း ကျွန်တော်သင်ထားသမျှ၊ လေ့လာမိသမျှ ၊ ရှာဖွေတွေ့ရှိသမျှလေးတွေကို ပြန်လည်မျှဝေပေးသွားမှာပါ။ ကျွန်တော်လည်းအလုပ်တစ်ဖက်နဲ့ဆိုတော့ တက်နိုင်သမျှအချိန်လေးလုပြီးပို့တင်ရတာမို့ တစ်ချို့တတွေ အဆင်မပြေတာလေးရှိခဲ့ရင်နာလည်ပေးပါလို့ကြိုပြီးပြောထားပါရစေ။

DAILY PREMIUM ACCOUNTS များ

                                                       
ဒေါင်းရတာအဆင်ပြေစေဖို့ Premium Account များကိုတင်ပေးလိုက်ပါတယ်။အဆင်ပြေပါတယ်။ အကောင့်တွေက သတ်မှတ်ထားတဲ့ အချိန်လေးကျော်သွားရင်တော့ အကောင့်ကဖျက်ပြီးသားဖြစ်သွား ပါလိမ့်မယ်။ တစ်ကောင့် မရတော့လည်းနောက်တစ်ကောင့် ပေါ့။ အကောင့်တွေကတော့ FILESONIC, WUPLOAD, HOTFILE, EXTABIT, TURBOBIT, MEGASHARE, UPLOADING နဲ့ FILEAPE တို့ပါဝင်ပါတယ်။ အောက်ကလင့်ခ်လေးမှာ ကြည့်လိုက်ပါ။

Online Converter ......စုံစုံလေးနော်

ဒီဆိုဒ်ကလေးမှာ Media File တွေ Document File တွေကို ကိုယ်ကြိုက်တယ့် Format ပြောင်းခိုင်းလို့ရပါတယ်။ ဘာ Software မှ Install လုပ်စရာမလိုတဲ့ Online Converter လေးပါ။ သီချင်းတွေကို Mp3, ACC, စတယ့် Format ကိုပဲပြောင်းပြောင်း Video File Mp4, 3gp, mkv စတဲ့ Format ကိုပဲပြောင်းပြောင်း အိုစုံစုံပြောရရင် .doc Format ကိုတောင်မှ ဘာ Software မှမလိုပဲ .Pdf File အနေနဲ့ ပြောင်းပေးလို့ရပါတယ်။

Command prompt background ကိုဘယ်လိုပြောင်းမလဲ


ကိုယ့်ရဲ့စက်ထဲမှာရှိတယ့် Command Prompt (CMD) မှာရှိတဲ့ရိုးအီနေပြီးသား အမဲရောင် Screen Background ကြီးကို အသစ်အဆန်းလေး ဖြစ်သွားအောင် ပြောင်းကြည့်ချင်တယ့် သူများအတွက်ပါ။ အရမ်းကိုလွယ်ပါတယ် သိပြီးသားသူများလည်း ရှိမှာပါခုဟာက မသိသေးတယ့် သူများအတွက် တင်ပေးလိုက်တာ ဖြစ်လို့ သိပြီးသူများကတော့ သည်းခံပြီးဖတ်ပေးကြပေါ။့ မဖတ်ချင်လည်း ကျော်ခွသာသွားလိုက်ကြပါ ကဲကဲ စပြောမယ်နော်.........
 

Keyboard နဲ့ mouse သုံးစရာမလိုတော့တဲ့ Gmail Motion

                                               
အင်တာနက်အွန်လိုင်းပေါ်က ကမ္ဘာအကောင်းဆုံး Search Engine အဖြစ် ထင်ရှားလှတယ့် Google ကနေ Gmail Motion လို့ခေါ်တယ့် ဝန်ဆောင်မှုတစ်ခု ကိုစတင် စမ်းသပ် အသုံးချခွင့်ပြုလိုက်ပါပြီ။

Thursday, December 29, 2011

ပြုံးတိုင်းလှတဲ့သူ


သွားဆိုတာဟာ လူတစ်ယောက်အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်.. အစာစားတဲ့အခါမှာ သွားတွေ ကောင်းမွန်နေဖို့ လိုအပ်သလို လူတွေရှေ့မှာ ရဲရဲရင့်ရင့် ပြုံးနိုင်ဖို့၊ စကားဆိုနိုင်ဖို့ရင် သွားကလေးတွေ ဖြူစင်လှပ သန့်ရှင်းနေဖို့လည်း လိုပါသေးတယ်နော်။ တကယ်လို့ မိမိရဲ့ သွားကလေးတွေမှာ ပိုးပေါက်ကလေးတွေ ရှိနေရင် မညီမညာ ရွဲ့စောင်းနေတဲ့ သွားတွေ၊ ကျိုးနေတဲ့ရှေ့သွားတွေ၊ ၀ါညစ်ညစ် အရောင်ဖြစ်နေတဲ့ သွားတွေ ရှိနေခဲ့ရင် လူတွေရှေ့မှာ ဟက်ဟက်ပက်ပက် ရယ်မောဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ဖြစ်နေတတ်ပြီး အရှက်အကြောက်ကြီးလို့ ပါးစပ်ကို ကျယ်ကျယ် မဟရဲသလိုလို၊ ရယ်ဖို့ပဲ မေ့နေသလို၊ အပြုံးကလေးက ငါးခူလေးပြုံးနေသလို ရှိနေတတ်ကြပါတယ်။ မိမိရဲ့ သွားကလေးတွေ သဘာဝကျကျ ဖြူစင်သန့်ရှင်းနေပြီး လှလှကလေး ပြုံးနိုင်ဖို့ ဘယ်လိုများ လုပ်ကြရမလဲဆိုတာ စဉ်းစားကြည့်ကြပါစို့နော်။ သွားတွေ ဖြူဖွေးလှပဖို့ ထိရောက်တဲ့ နည်းလမ်းများစွာ ရှိပေမဲ့ အချို့နည်းလမ်းတွေက ငွေကြေး အကုန်အကျများတာကြောင့် ငွေကုန်ကြေးကျ မများဘဲ မိမိအိမ်မှာသာ လုပ်ဆောင်နိုင်တဲ့ နည်းလေးများကို ဝေမျှ ပါဦးမယ်ရှင်..


လိုအပ်တဲ့ပစ္စည်းတွေက
၁. အအေးသောက် ပိုက်တစ်ချောင်း
၂. သွားတိုက်တံတစ်ချောင်း
၃. သံပုရာရည်
၎. ဆား
၆. မုန့်ဖုတ် ဆော်ဒါ
၇. စတော်ဘယ်ရီ စတာတွေ ဖြစ်ပါတယ်။


အဆင့်(၁)

Image Hosted by PicturePush - Photo Sharing
အဆင့် (၁) အနေနဲ့ လုပ်ရမှာက သင့်သွားတွေကို ၀ါစေတဲ့ စားစရာ သောက်စရာတွေကို အကန့်အသတ်ထားပြီး စားသောက်ပါ။ သွားကို ၀ါစေတဲ့ အရာတွေထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ ၀ိုင်အနီ၊ ဆေးလိပ်သောက်ခြင်း စတာတွေ ပါဝင်တာကြောင့် ၄င်းတို့ကို ဖြတ်နိုင်ဖို့ ကြိုးစားသင့်ပါတယ်.. ( ကော်ဖီကြိုက်တဲ့သူကို ကော်ဖီ ဖြတ်ခိုင်းနေပြန်ပြီ ) တကယ်လို့ မဖြတ်နိုင်ခဲ့ရင် အဲဒီအရာတွေကို သွားနဲ့ တိုက်ရိုက် မထိတွေ့စေနိုင်ရန် ကော်ဖီ အချိုရည် စသည်တို့ကို သင့်တင့်ရုံမျှ ပိုက်တစ်ချောင်းနဲ့ စုပ်သောက်ပါ လို့ အကြံပေးထားပါတယ်.. ( ဆိုင်မှာ ကော်ဖီနဲ့ လက်ဖက်ရည်ကို ပိုက်နဲ့ စုပ်သောက်ရင် ရူးနေပြီထင်တယ်လို့များ ပြောကြလေမလား မသိနော် :)  )

အဆင့်(၂)

မိုက်ကယ်ဂျက်ဆင်၏ဆရာဝန်ထောင်ဒဏ်၎နှစ်ချမှတ်ခံရ

လော့စ်အိန်ဂျလိစ် တရားရုံးမှ တရားသူကြီးက နိုဝင်ဘာလ ၂၉ရက်နေ့တွင် မိုက်ကယ်ဂျက်ဆင်၏ ဆရာဝန် ဒေါက်တာကွန်ရက်မာရေးအား မရည်ရွယ်သော လူသတ်မှုဖြင့် ထောင်ဒဏ်လေးနှစ် စီရင်ချက် ချမှတ်လိုက်ကြောင်း သိရသည်။ တရားသူကြီး မိုက်ကယ်ပါစတာက စီရင်ချက်ကို မဖတ်ကြားမီ ဒေါက်တာကွန်ရက်မာရေး သည်စံပြုထားသည့်

မိုက်ကယ်ဂျက်ဆင်သည်မိမိကိုယ်ကိုသတ်သေခြင်းမဖြစ်နိုင်

မိုက်ကယ်ဂျက်ဆင်၏အလောင်းကိုခွဲစိတ် စစ်ဆေးခဲ့သည့် ဆရာဝန်က ဂျက်ဆင်သည် မိမိကိုယ်မိမိ သတ်သေခဲ့ခြင်း မဖြစ်နိုင်ဘဲ တစ်စုံတစ်ဦး၏ ပယောဂကြောင့်သာ သေဆုံးခဲ့ခြင်းဖြစ်နိုင်သည် ဟုအောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ ဂျက်ဆင်၏ဆရာဝန် ကွန်ရက်မာရေး၏ ထွက်ဆိုချက်၌

ဒေါ်အောင်ဆန်းစုကြည်နှင့်အနုပညာရှင်များအပေါ်ဦးကျော်သူအမြင်

 
















ဒေါ်အောင်ဆန်းစုကြည်နှင့် အနုပညာရှင်များ လက်တွဲဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားရာတွင်''အနုပညာရှင်ဆိုတာ တိုင်းပြည်ရဲ့ မျက်နှာဖုံးပဲ။ ပြည်သူ၊ ပြည်သား အားလုံးကလည်း ဒီလိုအနုပညာရှင်တွေကိုပဲ မျက်စိဒေါက်ထောက် ကြည့်နေကြတာပါ။ ဥပမာအနေနဲ့ တစ်ယောက်က သူရဲ့ သရုပ်ဖော်မှု၊ နေထိုင်သွားလာမှု အကျင့်စာရိတ္တ ပျက်စီးသွားတယ်ဆိုရင် အများပြည်သူကလည်း အတုလိုက်ခိုးပြီး ပျက်မှာ၊

သခွားသီး၏ကျန်းမာရေးအကျိုးကျေးဇူး

သခွားသီးမှာ ဖောလိတ်ဓာတ်၊ ဗီတာမင်စီ၊ ဗီတာမင် B1၊ ဗီတာမင်B2 ၊ ကယ်လ်စီယမ်၊ ပရိုတင်း၊ အဆီ၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနီဆီယမ်၊ သွပ်ဓာတ်၊ ဆီလီကာနဲ့ မဂ္ဂနိစ်တို့ ပါဝင်ပါတယ်။ သခွားသီးမှာ အာဟာရဓာတ် များစွာ ပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူး များစွာ ရရှိစေပါတယ်။
အသားအရေ
သခွားသီးက အေးမြကြည်လင် စေတဲ့ အာနိသင် ရှိတာကြောင့် အသားအရေ အတွက် အကျိုးရှိပါတယ်။ ရေဓာတ် ပါဝင်မှု မြင့်မားတဲ့ အပြင် ဗီတာမင် အေ၊ ဘီ၊ စီ နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် အသားအရေ ထိန်းသိမ်းရေးမှာ သခွားသီးက မရှိမဖြစ် အရေးပါ တာပါ။ သခွားသီး အရည်နဲ့ မျက်နှာကို ပေါင်းတင် ပေးတာက အရေပြားကို တင်းရင်းစေ ပါတယ်။

သင့်အသားအရေအတွက်မဖြစ်မနေလုပ်ဆောင်ရမည့်အရာ(၁၀)မျိုး

သင့် အသားအရေက သင့်အကြောင်းကို  ပြောပြနိုင် ပါတယ်။ သင့် အသားအရေကို ကြည့်ပြီး သင် ရေဓာတ် ပြည့်ဝရဲ့လား၊ အစားအသောက်ကို အာဟာရ ညီညွတ်အောင် စားရဲ့လား၊ နေရောင်ခြည်ဒဏ် မခံရအောင် ရှောင်ရဲ့လား စတဲ့ အချက်တွေကို သင့် အသားအရေကို ကြည့်ပြီး သိရှိနိုင်ပါတယ်။ အရေပြား ဆရာဝန်က သင့် အသားအရေကို ကြည့်ရှု စစ်ဆေးပြီး အချိန် တစ်မိနစ်၊ နှစ်မိနစ် အတွင်းမှာပဲ သင့် ကျန်းမာရေး အခြေအနေကိုပါ မှန်းဆနိုင်ပါတယ်။
အရေပြား ကျန်းမာရေးဟာ ခန္ဓာကိုယ် အတွက် ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်မှု ရှိ၊ မရှိ ဆိုတဲ့ အချက်အပေါ်မှာ အများကြီး မူတည်နေလို့ပါ။ သင့် အသားအရေ ကျန်းမာ လှပရေး အတွက် မဖြစ်မနေ လုပ်ဆောင်သင့်တဲ့ အချက်တွေကို လမ်းညွှန် ဖော်ပြလိုက် ရပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More