နွေးထွေးစွာကြိုဆိုပါတယ်ခင်ဗျာ။ နည်းပညာများလေ့လာခြင်းဖြင့် ဗဟုသုတများတိုးတက်နိုင်ကြပါစေ။အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ ကိုထွေး(နည်းပညာ)

Friday, May 31, 2013

Ultraslideshow Flash Creator


ဓာတ်ပုံတွေကို Flash ပြုလုပ်ချင်သူများအတွက် အသုံးဝင်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်။ မိမိဖန်တီးထားတဲ့ Flash တွေကို CD/DVD အတွင်းမှာသာမက Website တွေမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။


Monday, May 27, 2013

HTMLကိုအခြေခံလေးသိရအောင်ပါ

  Stock image of 'HTML code concept'

ဝက်ဘ်ဆိုက်စာမျက်နှာ (Web Pages)
(Web Pages) ၀က်ဘ်ဆိုက် စာမျက်နှာဆိုတာ စုစည်းမှတ်သားထားတဲ့ စာတွေကို သတ်မှတ်ထားတဲ့ tags ခေါ် codes များဖြင့် ပုံစံချရေးသားထားသော စာမျက်နှာကို အင်တာနက်ကွန်ယှက်ပေါ်မှာ အများဖတ်ရှုနိုင်ဖို့ ရေးသားတင်ပြထားတဲ့ စာမျက်နှာစုစည်းချက်တစ်ခု ဖြစ်ပါတယ်။ ဒီစာမျက်နှာတွေမှာ စာတွေတင်မက ပုံတွေ လှုပ်ရှားမှုပုံတွေ အသံတွေ

Advanced Video Compressor 2012


Video ဖိုင်ချုံ့ချင်သူတွေအတွက်ပါ။ Video တွေကိုချုံ့လိုက်ပြီဆို အရမ်းဝါးသွားတက်ပါတယ်။ ဒီဆော့ဝဲလ်လေးက မူလ ရုပ်ထွက်အရည်အသွေးမပျက်ဘဲ ချုံ့ချင်သူများအတွက် ကောင်းမွန်ပါတယ်။ စမ်းပြီး သုံးချင်တယ်ဆိုဒေါင်းသွားလိုက်ပါ။

Wednesday, May 22, 2013

FormatFactory 3

 Format Factory လေးက Free ဆိုပေမယ့် ဖိုင်ပြောင်းပေးတဲ့နေရာ အရမ်းကောင်းတဲ့ Software လေးတစ်ခုပါ။ ဖိုင်မျိုးစုံကို Software တစ်ခုတည်းနဲ့ မြန်မြန်ဆန်ဆန် ပြောင်းပေးနိုင်လို့ လူကြိုက်လည်းများပါတယ်။ လိုအပ်တဲ့သူငယ်ချင်းများကတော့အောက်မှာဒေါင်းသွားလိုက်ပါ။

Sunday, May 19, 2013

Gtalk ကိုအများကြီးဖွင့်မယ်


ကိုချင်း: ဆရာထွေးgtalkကိုနှစ်ကိုယ်ခွဲသုံးကိုယ်ခွဲလေးနည်းပညာလေးတင်ပေးပါဦး။
 ကျေးဇူးတင်ပါတယ်။
ဟုတ်ကဲ့ပါ...Gtalk ကို နှစ်ခု၊သုံးခု၊လေးခု ....စသည့်ဖြင့်ပွားလို့ရတဲ့နည်းလေးကို ပြောပြချင်ပါတယ်။ နည်းလေးကိုတော့ပြောပြပေးပါ့မယ်။ ဒါပေမယ့်..Gtalk ကိုအများကြီးဖွင့်ချက်တဲ့အခါ..မနိုင်ရင်တော့

Friday, May 17, 2013

Facebook မှာ Report နည်းလေး

 
Facebook တို့ Blogger တို့ဟာ ဒီမိုကရေစီနည်းလမ်းကျကျနဲ့ လည်ပတ်နေပါတယ်။ ကျွန်တော်တို့ကို ကြိုက်တာတင်ခွင့်၊ ရေးခွင့်ပေးထားပါတယ်။ ဒါပေမယ့် အများထင်နေကြသလိုမျိုး စည်းမဲ့ကမ်းမဲ့တော့ မဟုတ်ပါ။ လူတစ်ယောက် တင်တဲ့အကြောင်းအရာ၊ ဓာတ်ပုံ စတာတွေဟာ မူပိုင်ခွင့်နဲ့ငြိစွန်းရင်၊ လူမျိုးရေးဘာသာရေးတိုက်ခိုက်မှုဖြစ်ရင်၊ လိင်ပိုင်းဆိုင်ရာ ရိုင်းစိုင်းမှုတွေပါရင်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဆိုရင် Report လုပ်ပြီး ဖျက်ဖို့တောင်းဆိုနိုင်ခွင့်တွေ ပေးထားပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့အနေနဲ့ အထက်ပါအကြောင်းအရာမျိုးတွေ တစ်စုံတစ်ယောက်က သူ့ Facebook မှာ တင်တဲ့အခါမှာ ၀ိုင်းပြီးတော့ ဆဲနေမယ့် အစား Facebook ဆီ Report ၀ိုင်းတင်ပြီး ဖျက်ပေးဖို့ တောင်းဆိုနိုင်ပါတယ်။ Report တင်တဲ့သူများရင် Facebook က ဖျက်ပေးမှာ အသေအချာပါပဲ။ Facebook ရဲ့ အယူအဆကတော့ ရှင်းပါတယ်။ အများက လက်မခံရင် သူတို့ဘက်က ဖျက်ပေးမယ်ဆိုတာပါပဲ။







ပုံမှာပြထားသလိုမျိုး သူတင်လိုက်တဲ့ Status ရဲ့ ညာဘက်ထောင့်မှာရှိတဲ့ ကြက်ခြေခတ် ခလုတ်လေးကိုနှိပ်ပြီး Report/Mark as Spam ကို ရွေးပေးပါ။ အဲဒီအခါမှာ ပုံ(၂)မှာ ပြထားသလိုမျိုး Thanks for Your Help ဆိုတဲ့ စာတမ်းပေါ်လာပါလိမ့်မယ်။ အဲဒီမှာပါတဲ့ Report ဆိုတဲ့ Link ကို ထပ်နှိပ်ပါ။




အဲဒီအခါ ပုံ (၃) လို Window တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ဒီနေရာမှာ သူတင်ထားတဲ့ Post  ဟာ ဘယ်လိုအကြောင်းအရာမျိုးနဲ့ ငြိစွန်းတယ်ဆိုတာကို ကိုယ့်ဘက်က သေချာရွေးပေးရပါလိမ့်မယ်။






I don't like this post (ဒီပို့စ်ကို ကျွန်တော်မကြိုက်ပါ)

It's harassing me (ဒီပို့စ်ဟာ ကျွန်တော့်ကို တိုက်ခိုက်နေတယ်)

It's harassing a friend (ဒီပို့စ်ဟာ ကျွန်တော့်သူငယ်ချင်းကို တိုက်ခိုက်နေတယ်)

Spam or scam (ဒီပို့စ်ဟာ အကျိုးမရှိတဲ့ Spam တစ်ခုဖြစ်တယ်)



Hate Speech (ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားပြောဖြစ်တယ်)

သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

           * Target a Race or Ethnicity (လူမျိုးရေးတိုက်ခိုက်မှု)

           * Target a religious group (ဘာသာရေးတိုက်ခိုက်မှု)

           * Targets based on gender or orientation (ယောကျာ်းဖြစ်မှု၊ မိန်းမဖြစ်မှုကို တိုက်ခိုက်မှု)

           * Targets people with disability or disease (မသန်မစွမ်းသူများကို တိုက်ခိုက်မှု)



Violence or harmful behavior (ချိုးဖောက်မှု သို့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ အပြုအမူဖြစ်တယ်) သူ့ကိုရွေးလိုက်ရင်တော့ နောက်ထပ် ရွေးစရာတွေ ထပ်ပေါ်လာပါလိမ့်မယ်

            * Credible threat of violence (ငွေကြေးဆိုင်ရာ ခြိမ်းခြောက်မှု)

            * Self-Harm

            * Suicidal Content (ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနှင့် ဆက်နွယ်သောအကြောင်းအရာ)

            * Graphic Violence (ပုံရိပ်ပိုင်း ချိုးဖောက်မှု - အခြားသူပုံများကို အခွင့်မရှိပဲ တင်ခြင်း)

            * Theft or vandalism (ခိုးယူမှု သို့ ရမ်းကားဖျက်ဆီးမှု)

            * Illegal drug use (မူးယစ်ဆေးဝါးသုံးစွဲမှု)



Sexually explicit content (လိင်ပိုင်းဆိုင်ရာ မသင့်တော်သော အချက်အလက်များပါဝင်နေမှု)

My friend's account might be compromised or hacked (ကျွန်တော့်သူငယ်ချင်းရဲ့ အကောင့်ကို ခိုးယူပြီးသုံးစွဲနေခြင်း)



အထက်ပါရွေးစရာတွေထဲကမှ သင့်တော်တာကို ရွေးပြီး Continue ကို နှိပ်ပါ။ အဲဒီအခါ ပုံ ၄ မှာ ပြထားသလိုမျိုး Window တစ်ခု ထပ်ပေါ်လာပါလိမ့်ဦးမယ်။



Block ကို ရွေးပေးလိုက်ရင်တော့ သူနဲ့ကိုယ်နဲ့ Facebook မှာ ဆက်သွယ်လို့ မရတော့ပါဘူး။
Get help..... ကို ရွေးပေးရင်တော့ ကိုယ်နဲ့အတူ Report ၀ိုင်းတင်ဖို့ သူငယ်ချင်းတွေ အကူအညီတောင်းနိုင်ပါလိမ့်မယ်။

မဖြစ်မနေလုပ်ရမှာကတော့ အောက်ဆုံးက Report to Facebook ကို အမှန်ခြစ်ပြီး Continue ကို ဆက်နှိပ်ပါ။

နောက်ဆုံး Thank you ပေါ်လာရင်တော့ Report တင်တာ အောင်မြင်သွားပါပြီ။


                                                                                  (ကိုဇော်သူရိန်ရေးသားသည်။)

နှစ်ကိုယ်ခွဲ ဓါတ်ပုံရိုက်ရအောင်


Twin Me ဆိုတဲ့ Android App လေးကတော့ Android Devices သုံးပြီး ဓါတ်ပုံရိုက်သူတွေအတွက် နှစ်ကိုယ်ခွဲပုံတွေရိုက်နိုင်မယ့် App လေးဖြစ်ပါတယ်။ Google Play မှာ ဒီ App ကို 1.99 ဒေါ်လာနဲ့ ရောင်းပါတယ်။ ကိုထွေးဆီမှာတော့ Free ပေါ့။ အသုံးပြုချင်တယ်ဆို အောက်မှာဒေါင်းသွားလိုက်ပါ။

Kaspersky Offline Update ပြုလုပ်နည်း


Kaspersky 2011 , 2012 , 2013 တို့ကို Offline Update ပြုလုပ်တဲ့နည်းကတော့ ပုံစံအတူတူပါဘဲ.. Kaspersky Offline Update တွေမှာ Autopatches , Bases , Index ဆိုပြီး အဓိက Folder ကြီး သုံးခုပါပါတယ်..အဲဒီသုံးခုကို
Folder အလွတ်တစ်ခုတည်းမှာ ပေါင်းထည့်ထားရမှာဖြစ်ပါတယ်။ ဖိုလ်ဒါကြီးသုံးခုကို ပေါင်းထည့်ထားတဲ့
Folder တစ်ခုကို Desktop ပေါ်မှာဖြစ်ဖြစ် ထားလိုက်ပါ။ Update လုပ်ရင် မိမိ Desktop ပေါ်မှာထားထားတဲ့
Folder ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်..ကဲ..အောက်က Update လုပ်နည်းနှစ်နည်းရှိပါတယ်။


 
===================================================================


ဒုတိယနည်းလမ်း



 
3. click on the update option
 4. Click run mode
 5. Click Run mode select Schedule on Manually Mode then click OK

6. Click Update Source.
7. Remove Kaspersky Lab update server source.
8. Click add button.
 9. Browse your update source. ( where your update file is )
10. Click Apply and ok.
 11. Now click Update button.
undefined

Browser Error

 

အခုပြောပြမှာကတော့ Browser Error တွေနဲ့ပက်သတ်လို့ပါ။ Browser ဆိုတာကတော့ Websiteတွေကိုအသုံးပြုတဲ့အခါမှာ အသုံးပြုတဲ့ Web Browserကိုပြောတာ ပါ။ဥပမာ … Internet Explorer , Mozilla Firefox , Flock တို့စသဖြင့်ပေါ့။ ၎င်း Browser တွေအသုံးပြုတဲ့အခါမှာ ဖြစ်တက်တဲ့ Error လေးတွေ အကြောင်း ကိုပြောပြချင်ပါတယ်။ Browser Error တွေကတော့ Browser တိုင်းမှာဖြစ်တက်ပါတယ်။ Browser Error Message ကို တကယ်တော့ HTTP Status Codes လို့ခေါ်ပြီး Web Page တွေကို Loadingလုပ်တဲ့အခါမှာ တွေ့ရတဲ့ Error အမျိုးအစားတွေပါ။ အတွေ့များတဲ့ Browser Error တွေနဲ့ ဘယ်လိုဖြေရှင်း ရမလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။


400: Bad Request Error

400 Bad Request browser error ကတော့ Website Server ဆီကို web page တွေ Load လုပ်ဖို့ Request တွေပေးပို့တဲ့အခါမှာ ၎င်း Server ကနေ request ကိုprocess မလုပ်တဲ့အခါ ၊ Request ကိုနားမလည်တဲ့အခါတွေမှာ တွေ့ရလေ့ရှိတဲ့ Error ပါ။ ဒီ Error ဖြစ်ပြီဆိုရင်တော့” 400: Bad Request ” (or)” HTTP Error  400 – Bad Request “ဆိုပြီးခေါ်လေ့ရှိပါတယ်။ 400 Bad request Error က URL ကို မှားရိုက်လို့သော်လည်းကောင်း ၊ URL ကို Point လုပ်ထားတဲ့ Link က မှားနေ၍သော်လည်းကောင်းဖြစ်တက်ပါတယ်။ ဆိုလိုတာက Web Site မှားရိုက်လို့ (or) Web Site Link ကို Point လုပ်ထားတာ မှားနေလို့ ဖြစ်တက်ပါတယ်။ ဒါကြောင့် မိမိကြည့်လိုတဲ့ Web Site ကိုသေချာမှန်ကန်စွာ ရိုက်ထည့်ပါ။


 401: Unauthorized Error


401 Unauthorized Error ကတော့ Website တွေကို ၀င်ရောက်သုံးစွဲတဲ့အခါတွေမှာ ပထမဦးဆုံး Log on ၀င်တဲ့အခါတွေမှာ ဖြစ်တက်တဲ့ Error မျိုးပါ။ အကယ်လို့ Log on ၀င်ဝင်ချင်း 401 Error ကိုရရှိတာဆိုရင်တော့ မိမိဝင်လိုက်တဲ့ Credential  (မည်သူမည်ဝါဖြစ်ကြောင်း) ကအကြောင်းတစ်ခုခုကြောင့် လွဲမှားနေလို့ပါ။ဒါကြောင့် User name နဲ့Password ကို သေချာစွာရိုက်ထည့်ပါ။ URL က Valid ဖြစ်တာသေချာတယ်ဆိုရင်တော့ Website ရဲ့ Main page ကိုသွားပြီး Login (or) Secure Accessအကြောင်းကိုပေးထားတဲ့ Link ကိုရှာဖွေပါက ၎င်းနောက် မိမိရဲ့ Credential နဲ့ တဖန်ပြန် try ကြည့်ပါ။


 403: Forbidden Error

403: Forbidden Browser Error ကတော့ URL က Web page အစား directory ကို Point လုပ်ထားတဲ့အခါမှာ ဖြစ်တက်ပါတယ်။ အကယ်၍ မိမိရောက်ရှိဖို့ ကြိုးစားနေတဲ့page က မှန်ကန်တယ်ဆိုရင်တော့ ဒီ Error က အခြား mistake ဖြစ်ပါလိမ့်မယ်။


 404: Not Found Error

ဒီ Error က တော်တော်များများမှာတွေ့ရလေ့ရှိတဲ့ Error မျိုးပါ။ 404 Error တွေ့ပြီဆိုရင်တော့ အောက်ပါအတိုင်း Error တွေပေါ်တက်ပါတယ်။


    “404 Error”
    “Page Cannot be displayed”
    “Internet Explorer cannot display the webpage”
    “404:Not Found”
    “The page cannot be found”
    “Error 404:NOT FOUND”
    “HTTP 404-File not found”
    “Not Found”

404 Error ကတော့ မိမိဝင်ရောက်အသုံးပြုဖို့ ကြိုးစားတဲ့ Web page က Website ရဲ့ Server မှာမတွေ့လို့ပါ။ 404 Error တွေ့လို့ရှိရင်တော့ Refresh / Reload buttonကိုနှိပ်ပြီး web page ကို Retry လုပ်ပါ။ ၎င်းနောက် address bar မှာ URL ကို ထပ်ရိုက်ပြီး ပြန်ဝင်ကြည့်ပါ။ ဥပမာ “ http://www.w.com/a/b/c.htm ဆိုပြီးဝင်လိုက်လို့ 404 Errornot found လို့ပြနေတယ်ဆိုရင် http://www.w.com/a/b လို့ရိုက်ထည့်ပါ။  အဲဒါမှမရသေးရင် တစ်ဆင့်ပြန်လျော့ပြီး http://www.w.com/a လို့ရိုက်ထည့်ပြီးပြန်ဝင်ကြည့်ပါ။


 408: Request Timeout Error

408 Error ကတော့ web page တွေကို Loading လုပ်တဲ့အခါမှာ website ရဲ့ Server က ပြင်ဖို့စောင့်ရတဲ့အချိန်ထက် အချိန်ကြာမြင့်စွာပိုယူလို့ဖြစ်ပေါ်တက်တဲ့ Error ပါ။ဆိုလိုတာက မိမိ Website ရဲ့ Connection က timeout ဖြစ်သွားတာပါ။ Error ဖြေရှင်းဖို့ဆိုရင်တော့ Refresh ပြီးပြန် try ပါ။ Address bar မှာ address ကို ပြန်ရိုက်ပြီးပြန်စစ်ကြည့်ပါ။ Slow connection ခဏခဏဖြစ်ရင်လည်းပဲ တစ်ရံတစ်ခါမှာ ဒီလို Error မျိုးဖြစ်တက်ပါတယ်။ ဒါကြောင့် connection ကိုလည်းစစ်ဆေးသင့်ပါတယ်။


 500: Internal Server Error

500 Bad Server Error ကတော့ ယေဘုယျအားဖြင့် အတွေ့ရများပါတယ်။ ဒီ Error မျိုးကတော့ Website ရဲ့ Server က ချွတ်ယွင်းသွား တဲ့အခါတွေ မှာ တွေရှိရပါတယ်။Server ဘက်က Error ပါ။ မိမိရဲ့ PC (or) Internet Connection နဲ့မဆိုင်ပါဘူး။ ဒါကြောင့် မကြာခဏ Refresh လုပ်ကြည့်ပြီးသုံးပါ။


 502: Bad Gateway Error

502 Bad Gateway Error ကတော့ Server တစ်ခုကနေ web page တွေကို accessing လုပ်ဖို့ကြိုးစားတဲ့အခါ အခြား Server ကနေ invalid response ကိုလက်ခံရရှိချိန်(or) Browser ကအခြား request တွေကို ဖြည့်တဲ့အခါတွေမှာ ဖြစ်ပေါ်လေ့ရှိတာပါ။ 502 Error က Internet ပေါ်မှာရှိတဲ့ Server တွေကြားက network ဖြစ်တာကြောင့် မိမိ PCတွေ ၊ Internet connection တွေနဲ့မဆိုင်ပါဘူး။ ဒါက Server ဘက်ကဖြေရှင်းရမယ့် ကိစ္စပါ။ ဒါကြောင့်ခဏလောက်စောင့်ပြီး မိမိလုပ်လို့ရတာကတော့ Refresh button ကိုခဏခဏနှိပ်ပြီး web page ကို ပြန် try ဖို့ပါ။

 503: Service Unavailable Error

503 Error ကတော့ ခဏလောက်ပဲ Web Site Server ကိုမတွေ့ရှိခြင်းပါ။ ဒီ Error မျိုးဖြစ်ပါက Server ကို Maintenance လုပ်နေချိန် (or) temporary overloading တွေကြောင့်ဖြစ်တာပါ။ ကဲ အခုတော့ ဒီလောက်နှင့်ပဲကျေနပ်ပါဦးနော်။



                                                                 Source: MY DATA Game & Software CD/DVD

Sunday, May 12, 2013

Line ကို ကွန်ပျူတာမှာသုံးလို့ရပါပြီ

ပြီးခဲ့တဲ့ ၂ ရက်လောက် က ကွန်ပြူတာ ကနေ video,voice call ခေါ်လို့ရတဲ့

viber ထွက်လာပြီးတော့ အခု့တခါ ကွန်ပျုတာကနေပြီးတော့

voice call ခေါ်လို့ရတဲ့ LINE အစိမ်းရောင်လေးက လဲ အားကျမခံ ထွက်လာပါပြီခင်ဗျာ

Friday, May 10, 2013

Server အကြောင်းလေးသိရအောင်


Server အကြောင်းပြောကြရအောင်
ဆာဗာ၊ ဆာဗာနဲ့ ပြောနေလိုက်ကြတာ တော်တော်များများ စိတ်ဝင်စားကြမှာ အမှန်ပါပဲ။ ဥပမာ ဝဘ်ဆိုဒ် တစ်ခု ဝင်လို့ မရတဲ့အခါ လူတစ်ယောက် သွားမေးတော့ “အဲဒါဆာဗာဒေါင်းနေတယ်ကွာ”လို့ဖြေတယ်လေ။ နားမလည်တဲ့ အချိန်တုန်းက ဆာဗာ ဒေါင်းတယ်ဆိုတာ နားထဲကို ကန့်လန့်လိုက်ဝင်ပါတယ်။ ကဲ

Monday, May 6, 2013

Power MP3 Cutter

 

ကျွန်တော်အရင်တစ်ခါတင်ပြီးသွားပါပြီ။ ဖိုင်အားလုံးအဖျက်ခံရပါတယ်။ အသစ်ပြန်တင်ပေးထားပါတယ်ခင်ဗျာ။ MP3 Cutter လေးပါ။ အသုံးပြုရတာလွယ်သလို ဖုန်းအတွက် Rington လုပ်ရတာလည်းလွယ်ကူပါတယ်။
အသုံးပြုချင်တဲ့ သူငယ်ချင်းများကတော့ အောက်မှာဒေါင်းသွားလိုက်ပါ။

Sunday, May 5, 2013

Facebook ကိုလုံခြုံစိတ်ချရအောင်လုပ်ဆောင်မယ်



ကိုယ့်ရဲ့ Facebook ကို လုံခြုံရေးကောင်းအောင် လုပ်နိုင်ပြီ


၅.၅.၂၀၁၃၊ တနင်္ဂနွေနေ့
ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတချို့ကို “Trusted Friends” ထဲ ထည့်သွင်းထားခြင်းအားဖြင့် သင့်ရဲ့ Facebook account ခိုးယူခံယူရခြင်းမှ ကာကွယ်နိုင်ပါပြီ။ 
Facebook account ထဲဝင်လို့ မရတော့ဘဲ ပြဿနာ တက်နေတယ်ဆိုရင် သူတို့ အကူအညီနဲ့ ပြဿနာ ပြေလည်စေပါလိမ့်မယ်။
သောကြာနေ့က မိတ်ဆက်လိုက်တဲ့ “Trusted Contacts” ဆိုတာလေးကို Facebook မှာ တွေ့ ရမှာပါ။

“Trusted Contacts” ဆိုတာ သင်ရဲ့ လျှို့ ဝှက် နံပတ် (Password) ကို သူငယ်ချင်းများအကူအညီနဲ့ ပြန်လည်ရယူနိုင်အောင် Facebook က ဖန်တီးပေးလိုက်တာပါ။
Facebook က ဒါကို အကောင်အထည်ဖော်ဖို့ စမ်းသပ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကဖြစ်ပြီး အခုမှာတော့ အသုံးပြုဖို့  အဆင့်သင့်ဖြစ်တာကြောင့် ကြာသပတေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပါတယ်။
“Trusted Contacts” ဆိုတာ ဒီလိုပါ။
၁။ သင်ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ၃ ယောက်ကနေ ၅ ယောက်ထိကို ရွေးချယ်ထားရပါမယ်။
၂။ သင့်ရဲ့ Facebook account ပိတ်ခံရတဲ့အခါမျိုးမှာ Facebook က သင်ရွေးချယ်ထားတဲ့ မိတ်ဆွေတွေဆီကို security codes တွေ လှမ်းပို့ ပေးမှာပါ၊
၃။ အဲဒီ security codes တွေကို မိတ်ဆွေတွေဆီက ရယူနိုင်ပါတယ်။
ဒီနည်းနဲ့ Facebook account အပိတ်ခံရခြင်း (သို့ ) ခိုးယူခံရခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
နာမည်ကြီးသူတွေရော သာမန် သူလိုကိုယ်လိုတွေပါ ဟက်ကာလက်ချက် ခံနေရချိန်မှာ ပေါ်လာတဲ့ ဒီလို လုံခြုံရေးအစီအစဉ်သစ်ကို Facebook သုံးသူတွေ နှစ်သက်ကြမှာပါ။
ကိုယ့်အကောင့် ဖောက်ထွင်းခံရတာမျိုးက အချိန်မရွေး ကြုံရနိုင်ပါတယ်။ Facebook ကိုယ်တိုင်လည်းကြုံခဲ့ရပါတယ်။
ဒီအကြောင်းကို Facebook လည်း အဟက်ခံလိုက်ရ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီဘလော့http://blog.irrawaddy.org/2013/02/facebook_18.html မှာ ဖော်ပြခဲ့ပြီးပါပြီ။
အခု ပေါ်လာတဲ့ Facebook ရဲ့ နည်းလမ်းသစ်ကို အသုံးပြုခြင်းဖြင့် လုံခြုံရေး မေးခွန်းများ ( Security Question ) နဲ့ သင်မည်သူဖြစ်သည်ကို ဖြေဆိုရတဲ့ ( Web Forms Question) တွေကို အချိန်ကုန်ခံပြီး ဖြေဆိုစရာမလိုတော့ဘူးလို့ သိရပါတယ်။
“Trusted Contacts” ကို စတင် အသုံးပြုမယ် ဆိုရင်တော့ “ Security Settings “ မှာ သင် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေစာရင်းကို ထည့်သွင်းနိုင်ပါတယ်။
သင့်ရဲ့ မိတ်ဆွေတွေကို “Trusted Contacts” ထဲ ထည့်သွင်းလိုက်တာနဲ့ Facebook က စာလှမ်းပို့ အကြောင်းကြားပေးမှာဖြစ်ပါတယ်။
ဒါပေမယ့် သတိထားရမယ့်အချက်ကို မှာထားပါသေးတယ်။
Facebook Account ရဲ့ လုံခြုံရေးဟာ အိမ်တအိမ်ရဲ့ လုံခြုံရေးလိုပါပဲ တဲ့။
သင်တကယ်ယုံကြည်စိတ်ချနိုင်တဲ့မိတ်ဆွေများကိုသာ “Trusted Contacts” ထဲမှာ ထည့်သွင်းပါလို့ အကြံပြုသွားပါတယ်။
ဆောင်းဦးလင်း ~
ဧရာဝတီ Blog

Saturday, May 4, 2013

Android Apk များစုစည်းခြင်း

 
 Android များအတွက် Apk များစုစည်းပြီးတင်ပေးလိုက်ပါတယ်။ Android ပိုင်ဆိုင်သော ကိုထွေးသူငယ်ချင်းများစိတ်ကြိုက်အသုံးပြုနိုင်ရန်အောက်မှာဒေါင်းလိုက်ပါ။ အမျိုးပေါင်းကတော့ (၂၅) မျိုးရှိပါတယ်။ ဖုန်းထဲကနေဒေါင်းရတာလွယ်ကူပါတယ်။ ကွန်ပျူတာနဲ့ဒေါင်းဖို့ကတော်တော်ခက်နေတဲ့သူငယ်ချင်းများအတွက် ရည်ရွယ်ပြီးလည်းတင်ပေးလိုက်ပါတယ်။

ကွန်ပျူတာလေးနေရင်မြန်ဖို့


ကိုယ်သုံးနေတဲ့ ကွန်ပျူတာဟာ နှေးကွေး လေးလံနေတယ်ဆိုရင် အလုပ်လုပ်ရတာ စိတ်မချမ်းသာပါဘူး.. အလုပ်လည်း မပြီးဘူး.. ဒီ Uniblue SpeedUpMyPC 2013 5.3.6.0 ဟာ 29.4.2013 ရက်နေ့က ထွက်လာတဲ့ နောက်ဆုံးထွက် ဗားရှင်းဖြစ်ပြီး PC တစ်လုံးရဲ့ အမြင့်ဆုံး မြန်နှုန်းကို

Thursday, May 2, 2013

ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ

380318 395697287184076 1330963119 n 

တစ်ခါ တစ်ခါတော့ ကိုထွေးသူငယ်ချင်းများအတွက် ကျန်းမာရေးနဲ့အစားအစာအကြောင်းလေးများကို ပြန်လည်ဝေမျှချင်ပါတယ်။ နည်းပညာအကြောင်းတွေ၊ ကွန်ပျူတာအကြောင်းတွေတင်ရင်းနဲ့ ကျန်းမာရေးအတွက်လည်းဝေမျှပြီးတင်ပါဦးမယ်။ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပြီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း

Watermark ထည့်ဖို့ Video Watermark Pro

 
 
ဗွီဒီယိုဖိုင်တွေပေါ်မှာ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့
စာလေးပဲဖြစ်ဖြစ် ပုံလေးပဲဖြစ်ဖြစ် Watermark ထည့်တဲ့ဆော့ဝဲလေးပါ။လိုချင်တဲ့သူငယ်ချင်းများ အောက်မှာ ဒေါင်းယူနိုင်ပါတယ် ။



Cyberlink Power Director 8 စာအုပ်



Cyberlink Power Director ဆော့ဝဲနဲ့ အသုံးပြုနည်း
စာအုပ်လေးပါ ။ အသုံးပြုနည်းစာအုပ်ကတော့ Version 8 အတွက်ပဲ
ထွက်ထားတာမို့ .. အဲဒါကိုပဲ တင်ပေးလိုက်ပါတယ်။
Cyberlink Power Director ကို အသုံးပြုပြီး အဆင့်မြင့် ဗွီဒီယိုတည်းဖြတ်နည်း .. အခွေအဖြစ် ဖန်းတီးနည်း စတဲ့ .. လုပ်ငန်းခွင် အဆင့်တွေအထိ လေ့လာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

  ဒီမှာဒေါင်းသွားလိုက်ပါ

Facebook အကောင့် Lock လော့ကျကျနေတယ်ဆိုရင်

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့
တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ် ..
ဒါနဲ့ ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာ
တကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီး

Code ထည့်စရာမလိုတဲ့ Viber



Phone နံပါတ်ပဲ ထည့်ပေးရပြီး Code စောင့်နေစရာမလို ကုဒ်ပြန်ပို့ပေးစရာလည်းမလိုတဲ့ Viber Application လေးပါ။ အားလုံးအတွက်အဆင်ပြေအောင်တင်ပေးလိုက်ပါတယ်။
(Android ဖုန်းတွေအတွက်ပါ
ဒေါင်းလို့ရလာတဲ့ apk ဖိုင်ကို Android ဖုန်းထဲမှာ
Install လုပ်ပြီး Run လိုက်ရုံပါပဲ)

     ကိုထွေး(နည်းပညာ) ဒီမှာဒေါင်းသွားပါ

Facebook Lock မကျအောင် ကာကွယ်ထားပါ

 
Facebook ဟာ ဒီရက်ပိုင်းအတွင်း
 ပြဿနာ တော်တော်ရှာလာတယ်လို့
ပြောရမလောက်ပါပဲ
တကယ်တော့ သူ့ရဲ့ လုံခြုံရေးအတွက် Policy တွေ ပြောင်းထားတာပါ
ဘာကြောင့်လဲဆိုတော့ Facebook ကို အသုံးပြုပြီး ဘဏ်အကောင့်တွေ
ခိုးတယ် .. နိုင်ငံရေးအမြတ်ထုတ်မှုတွေလုပ်တယ် .. Cyber Attack တွေ
ကြံစည်လာတယ် .. စသည်ဖြင့် အများကြီးပဲဗျာ ..

MP3 အတွက်အသုံပြုရန်



MP3 သီချင်းတွေကို နောက်ခံပုံလေးတွေထည့်တာလေးတွေလုပ်လို့ရပါတယ်။ 
Playlist ထည့်တာတွေအပြင် MP3 ဖိုင်တွေကို
Edit လုပ်လို့ရမယ့် tool တွေ တော်တော်များများ
ပါဝင်ပါတယ်။
အသုံးပြုနည်း အချို့ကိုတော့ ဒီမှာ သွားရောက်ဖတ်နိုင်ပါတယ်။

Crack လုပ်စရာ Patch ချိုးစရာ Key ထည့်စရာမလိုပါဘူ။

Twitter Delicious Facebook Digg Stumbleupon Favorites More